Sunday, August 4, 2013

Recycle Bin ကို လက်နဲ့ ရအောင် Rename လုပ်မယ်






အားလုံးမင်္ဂလာပါ.. ကျွန်တော်ကတော့ နောင်ခန့်သူပါ..... ပုံထဲက အမှိုက်ပုံးကြီးက နောင်ခန့်သူ မဟုတ်ဘူးနော် :P  .. ဒီ ပို့စ်နဲ့ သက်ဆိုင်တဲ့ ပုံပါ.. :)

ကျွန်တော် တစ်ပတ်လောက် အအေးမိ ပြီး ဖျားနေလို့ ပို့စ်မတင်နိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်..

အားလုံး ပျော်ရွှင်စေမယ့် ပို့စ်လေးတွေ တင်ပေးတော့မှာပါ...

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...

File တွေ တင်ပြီး  စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..

ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး

လိုက်ပါတယ်...

သာမန်အားဖြင့်တော့ Recycle Bin ရဲ့ Option မှာ Rename ဆိုတာ မပါပါဘူး....

ဒါကိုတော့ သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်.....   သူငယ်ချင်းတွေ အကိုတွေ အစ်မတွေ ကြားထဲမှာ

ငါ Recycle Bin ကို Rename လုပ်တတ်တယ်ကွ ဆိုပြီး မော်ကြွားနိုင်တာပေါ့....။ ဗဟုသုတ ပေါ့ဗျာ...



ပထမဦး ဆုံး Start-->Run ထဲမှာ Regedit လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ.......

Registry Editor ပွင့်လာပါလိမ့်မည်............


  1. HKEY_CLASSES_ROOT ထဲကို Expand လုပ်လိုက်ပြီး CLSID ကိုဖွင့်လိုက်ပါ.... 
  2. CLSID ထဲမှာ ဒီနာမည် နဲ့ Folder ကို လိုက်ရှာပါ {645FF040-5081-101B-9F08-00AA002F954E} 
  3.  တွေ့ရင် သူ့ကို Expand ထပ်လုပ်ပြီး Shell ထဲကိုဝင်လိုက်ပါ.....


 အပေါ်မှာ ပုံပြထားပေးပါတယ် ....... မမြင်ရရင် ပုံကို ကလစ်ပြီး ဝင်ကြည့်ပါ.....

ပြီးရင် 
  • Attributes  value 40 01 00 20 ဆိုတာကို နှစ်ချက် ကလစ်ပေးပြီး အောက်က ပေးထား တဲ့ ဂဏန်းနဲ့ အစားထိုးလိုက်ပါ....
  •  50 01 00 20
 နောက်ထပ်

  • CallForAttributes 0×00000000 ဆိုတဲ့ Value ကိုလဲ နှစ်ချက် Click ပေးပြီး
  • 0 သို့ပြောင်းလိုက်ပါ (မှတ်ချက် Zero ဖြစ်ပါတယ်... O မဟုတ်ပါ)
ဒီအဆင့်တွေ အကုန်ပြီးသွားပြီဆိုရင်  Rename option လေး အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်..

အဆင်ပြေပါစေ...
ကျွန်တော့် ဆီ ဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay  တို့တွင် ဆက်သွယ်လိုက်ပါ...

ကျေးဇူးတင်ပါတယ်...

0 comments:

Post a Comment

မြန်မာ အိုင်တီ မြို့တော် သို့ ၀င်ရောက်အားပေး သူများကို အထူးကျေးဇူးတင်ပါသည်။

FB comments