Wednesday, May 23, 2012

ယာယီ Email ပြုလုပ်နည်း


ကျွန်တော်တို့ဟာ Computer နဲ့ပတ်သက်တဲ့ Software တွေ၊ ဆော့ချင်တဲ့ Game တွေ၊ Backup လုပ်ဖို့ Share လုပ်ဖို့ စသည်ဖြင့် Internet ပေါ်က Website  တွေပေါ်မှာပဲ ရှာကြဖွေကြရပါတယ်။ များသောအားဖြင့် Websites တွေက Register လုပ်ခိုင်း Activate လုပ်ခိုင်းနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ရယူသိမ်းဆည်းတတ်ကြတယ်။ အဲဒီ့ထဲက Website တော်တော်များများဟာ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို တခြား Spammer တွေလက်ထဲ ရောင်းစားလိုက်ရင် အသုံးပြုသူတွေရဲ့ Mail ထဲကို မလိုလားအပ်တဲ့ ကြေညာတွေ ဖိတ်ခေါ်တာတွေ ဘာတွေညာတွေစသည်ဖြင့် Mail ပေါင်း သောင်းခြောက်ထောင် ရောက်ရောက်လာတတ်လို့ Mail ကို ခဏခဏ ဝင်ဝင်ရှင်းနေရ တော်တော်အလုပ်ရှုပ်ပါတယ်။ အဲ့ဒီ့လို မဖြစ်အောင် ကျွန်တော်ပြောမယ့် ယာယီ Email လေး အသုံးပြုပြီး ဖြေရှင်းနိုင်ကြပါစေဗျာ။

ဒီတော့ http://www.spambox.us ဆိုတဲ့ ဆိုက်ကိုသွားလိုက်ပါ။ ပြီးရင် ညာဘက်ခြမ်းမှာ Create your spambox ဆိုတာလေးရှိပါတယ်။ ပထမ Field လေးမှာ မိမိ ရဲ့ Email Address အစစ်ကိုထည့်ပေးပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။


နောက်ပြီး အဲဒီ့ Mail ရဲ့ ကုန်ဆုံးမယ့် သက်တမ်းကိုလည်း တစ်ခါတည်းသတ်မှတ် ပေးပါ။ ဥပမာ ၁နာရီဖြင့် ၁နာရီပေါ့။ အောက်မှာ ပုံပြထားပါတယ်။



ပြီးရင် Generate spambox ကိုနှိပ်ပေးပါ။ အောက်မှာပုံ ပြထားပေးပါတယ်။



အဲဒီ့ ယာယီ Mail က အောက်မှာ ဝိုင်းပြပေးထားတဲ့ပုံလိုမျိုးပေါ့ဗျာ။တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။


အဲဒီ့ ယာယီ Mail က သူသက်တမ်းမကုန်ဆုံးသရွေ့ သူ့ဆီဝင်လာသမျှ စာအားလုံးကို အသုံးပြုသူရဲ့ Mail အစစ်ဆီ Forward လုပ်ပေးပါလိမ့်မယ်။ Feed burner တို့၊ Activation တို့လိုမျိုးပေါ့။ ဒါပေမယ့် သူ့သက်တမ်း ကုန်ဆုံးသွားရင်တော့ ဘာစာမှပို့မှာမဟုတ်တော့ပါဘူး။

အားလုံးစိတ်ချမ်းသာကြပါစေ။

လမင်းဦး

FB comments