Showing posts with label Computer နည်းပညာ. Show all posts
Showing posts with label Computer နည်းပညာ. Show all posts

Sunday, August 4, 2013

ကိုယ်ပိုင် Antivirus Program လေးတစ်ခု ရေးကြရအောင်...(With Batch Programming)


အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် ကတော့ နောင်ခန့်သူပါ....

ကဲ ကျွန်တော့် ပုံစံအတိုင်း Tutorial လေးတစ်ခုကို ပြောပြရတော့မှာပေါ့... အားလုံးပဲ ကြိုက်ကြလိမ့်မယ်

ထင်ပါတယ်... သိပြီးသား သူတွေကတော့ ရှိမှာပေါ့ဗျာ... မသိသေးသူတွေ အတွက် အထူးရည်ရွယ်ပါတယ်...

အခုပြုလုပ်မယ့် Program လေးကတော့ Antivirus  Program လေးတစ်ခုကို Batch Programming နဲ့ ပြုလုပ်

သွားမှာပဲ ဖြစ်ပါတယ်... ဒီ Antivirus လေးဟာ ကိုယ့်စက်မှာ မလိုအပ်တဲ့  unwanted or harmful ဖြစ်စေတဲ့

ကောင်တွေကို ရှင်းထုတ်ပေးမှာပဲဖြစ်ပါတယ်.....

Antivirus Software ကောင်းကောင်း Download ဆွဲဖို့ ရာ အချိန်မရှိဘူးဆိုတဲ့ ကျွန်တော့်လို သူတွေ အတွက်

ပေါ့ဗျာ... ကဲ စလိုက်ရအောင်ဗျာ... ခပ်မြန်မြန်လေးသွားကြတာပေါ့...

ပထမဦးဆုံး ကျွန်တော် အောက်မှာ အနီ ရောင်လေးတွေနဲ့ ပြပေးထားတဲ့ Code လေးတွေကို Copy ကူးလိုက်ပါ...
@echo off
color cb
title Batch Antivirus
cls
echo ===============
echo [ Batch-Master]
echo ===============
echo If There's no message ,You are protected.
set /p a=Enter a batch file to scan:
for /f %%x in (
'findstr /i /m "virus r.i.p byebye HaHaHa Hacked Hack" %a%.bat'
) do (
if /i %%x equ %a%.bat (
for /f %%z in (
'findstr /i /b /m "tskill del copy shutdown ipconfig ren reg" %a%.bat'
) do (
if /i %%z equ %a%.bat (
cls
echo Virus Detected!!
echo %a%.bat was deleted....
del %a%.bat & pause >nul
)
)
)
)
pause >nul

  1. Notepad ထဲကို Paste လုပ်လိုက်ပြီး.....File ထဲကိုဝင် Save as ထဲကို ထပ်မံဝင်လိုက်ပါ...
  2. File name မှာ my antivirus.bat ရိုက်ပါ..
  3. Save as type မှာ All Files ကို ရွေးပေးပါ... Save လုပ်လိုက်ပါ....
  4.  ပြီးတာနဲ့ ... Antivirus Program လေးကို Command Prompt အနေနဲ့  Run လို့ ရသွားပြီ ဖြစ်ပါတယ်..
  5. အောက်မှာ Screen Shot များကို ကြည့်ပါ..

File ထဲ ကိုဝင်တဲ့ ပုံပါ.... ပုံ မမြင် ရရင် ကလစ်ပြီးကြည့်လိုက်ပါ....



Save as ထဲကို ထပ်မံ ဝင်တဲ့ ပုံပါ...



အောက်က ပုံမှာ ကျွန်တော် ဝိုင်း ပြထားတဲ့ အတိုင်း ဖြည့်ပြီး Save ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်....



ကဲ ဒါဆိုရင် အောက်မှာ  ကိုယ် လုပ်လိုက်တဲ့ Antivirus File လေးကို .bat အနေနဲ့  မြင်တွေ့ရပါပြီ

ဖွင့်ကြည့်လိုက်ပါ......


 ကဲ အောက်က လိုပုံမျိုးလေးပေါ့ဗျာ....




ကဲ ဒါဆိုရင် သင်ဟာ သင် ကိုယ်တိုင် ပြုလုပ်လိုက်တဲ့ Antivirus ဖိုင်လေးကို ရရှိသွားပြီဖြစ်ပါတယ်...

=====================================================================

ဒါနဲ့မှ မကျေနပ်သေးဘူး.... Design လန်းအောင် လုပ်ချင်တယ် ဆိုရင်.... ဆက်သွားရကြအောင်ဗျာ...

ကဲ အောက်မှာ ပေးထားတဲ့ Bat to Exe Converter လေးကို Download ဆွဲလိုက်ပါ....

(Download ဆိုတဲ့ပုံလေးကိုနှိပ်လိုက်ပါ)

 

Bat to Exe Converter လေးကို ဖွင့်လိုက်ပါ....
Antivirus လေးအတွက် Icon ထည့်မယ်ဆိုရင်တော့ ... Versioninformations ဆိုတာ ထဲကို ဝင်လိုက်ပါ..

အောက်ပုံအတိုင်း Icon ဆိုတဲ့ ဘေးနားက ခလုတ်လေးကို နှိပ်ပြီး မိမိရဲ့ Icon File လေးကို ထည့်ပေးလိုက်ပါ..

ကျွန်တော် သုံးတဲ့ Icon File လေးကိုတော့ အောက်က Download ဆိုတာလေး နှိပ်ပြီးယူလိုက်ပါ...




ကဲအောက်မှာ ကျွန်တော်မြားပြထားသလို လေးပေါ့ ... အဲ့ဒါလေးထဲကို နှိပ်ပြီး Icon File လေးကို ရွေး

ပေးလိုက်ပါ..



ပြီးရင် ပုံမှာ မြင်တဲ့ အတိုင်း ဘယ်ဘက် အောက် ထောင့် က Compile ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...

အောက်မှာ သူ့ဟာသူ Compile လုပ်နေပါ လိမ့်မယ်....


ကဲ ရပါပြီ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးပြုလုပ်လိုက်တဲ့ Antivirus Program လေးကို အောက်ကလို

Icon လေးနဲ့ မြင်ရပြီ ဖြစ်ပါတယ်....





တကယ်လို့ ကျွန်တော်တင်ပေးလိုက်တဲ့ Icon မှာ နောက်က အဖြူရောင်ကို မကြိုက်ဘူးဆိုရင်တော့

Photoshop နဲ့ ဖျောက်လိုက်ပါ... .ico အနေနဲ့ပြန် Save လိုက်ပေါ့ ဗျာ...
ကဲ ဒီကောင်လေးကို Run ထားလိုက်ရင် Virus တွေ တွေ့တဲ့ အခါ အောက်ကလို Quarantine လုပ်ပေးသွား

မှာဖြစ်ပါတယ်.....

ကဲ စတန့် ထွင်ချင်တဲ့ သူများအတွက်ကတော့ ဒီလို လေး ဖြစ်အောင်လုပ်ပြီး သူငယ်ချင်းတွေ အကိုအစ်မ

တွေ ကြားထဲမှာ ငါ့ဟာငါ Antivirus လုပ်တတ်တယ်ကွ ဆိုပြီး ကြွားလို့ ရတာပေါ့ဗျာ....

ဗဟုသုတ ရစေချင်လို့ ဒီ Post လေးကို တမင် တင်ပေးလိုက်တာပါ....

နောင်အခါများမှာလည်း C++,C#,Visual Basic တို့ကို အသုံးပြုပြီး ကိုယ်ပိုင် Antivirus Program လေးတွေ

ဖန်တီးနည်းများကို သင်ပေးသွားမှာပဲ ဖြစ်ပါတယ်...

ဒီနေ့ တော့ ဒီလောက်ပဲပေါ့ ....

စကားလေးနည်းနည်းလောက် ထပ်ပြောချင်ပါသေးတယ်...

ကျွန်တော်တို့ Blogger တွေဟာ မျက်စိညောင်းခံ ... လက်ညောင်းခံ ... အပင်ပန်းခံ... အချိန်ကုန်ခံပြီး...

မြန်မာ နိုင်ငံ မှ ညီအစ်ကိုမောင်နှမ များ အချိန်မရွေးလေ့လာနိုင်အောင် နည်းပညာ များကို

Website ပေါ်မှ တစ်ဆင့် သင်ကြားပေးနေတာပဲဖြစ်ပါတယ်... ကျွန်တော်တို့ အဖွဲ့ဟာ....

ပြဿနာ အားလုံးကင်းရှင်းပါတယ်...... တကယ်လို့ ပြဿနာ တစ်ခုခု တက်ခဲ့ ရင်တောင် ကျွန်တော် တို့

အဖွဲ့ နဲ့ ဘာမှကို မဆိုင်ကြောင်း ကြို တင်ပြောကြားလိုပါတယ်.....

ကျွန်တော့် အကြောင်း မသိပါဘဲလျှက်နှင့် ကျွန်တော့် ကိုမကောင်းပြောကြတယ်လို့လည်း ကြားမိလို့ပါ....

ကျွန်တော် နောင်ခန့်သူ ဟာ အခု အချိန်ထိ သူများကို ဒုက္ခ ရောက်စေမယ့် အလုပ်မလုပ်ပါဘူး...

မကောင်းတာ မှန်သမျှ အကုန်ရှောင်ပြီး.... မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမ နည်းပညာ လေ့လာသူ

လူငယ်လေးများ  အားလုံးကို အဆင်ပြေအောင် လိုက်လံကူညီနေတာ ဖြစ်ပါတယ်...

ကျွန်တော်နဲ့ ပတ်သက်လို့ မကောင်းသတင်းထွက်ခဲ့ ရင်လည်း ... မဟုတ်ကြောင်း ကြိုတင်ပြောထားပါရစေ..

စကားနည်းနည်းလေး ရှည်သွားပြီ.... ကဲ အခု တင်ပေးလိုက်တဲ့ Post နဲ့ပတ်သက်လို့ ...

အတူတူ လိုက်ကလိကြည့်ကြတဲ့ ကလိသူ အဲလေ စမ်းသပ်ကြည့်သူ ညီအစ်ကို မောင်နှမ များအားလုံး

အားလုံးအဆင်ပြေကြပါစေလို့....

ကျွန်တော့်ဆီဆက်သွယ်လိုတယ်ဆိုရင်....

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် လာရောက် ဆက်သွယ်နိုင်ပါတယ်......

အဆုံးထိ ဖတ်ရှုပေးကြတဲ့ ညီအစ်ကို မောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်....

Command DOS Prompt ရဲ့ Text နဲ့ Back Ground Colour တွေ ပြောင်းမယ်..





အားလုံး မင်္ဂလာပါ...ကျွန်တော် နောင်ခန့်သူပါ...

ကျွန်တော်က အကျင့် တစ်ခုရှိတယ်ဗျ... ကိုယ်က သူများကို ရှင်းပြရရင်... အသေးစိတ်မှ ရှင်းပြတတ်တာ..

ကိုယ့်ကို သူများက ပြောပြရင် လည်း တစ်ခုချင်းပြောပြမှ ကြည်တာ...

ဘာလို့လဲဆိုတော့ ကျွန်တော်အရင်တုန်းက ဘာမှ မသိဘာမှ မတတ်တုန်း.. တစ်ခုမှ နားမလည်တုန်းက..

အဲ့လို ပဲ အစပြုခဲ့ ရတာမို့လို့ပါ...

Post တွေမှာ တော့ ကျွန်တော်က  အသေးစိတ် မရှင်းပြနိုင်ပါဘူး... Post အရမ်းရှည်ပြီး...

Intermediate သမားတွေ မျက်စိနောက်မှာစိုးလို့ပါ... ကဲ စလိုက်ရအောင်...

Command Prompt ဆိုတာ ဘာလဲ လို့ အခုလို လူတိုင်းသိနေပါပြီ.. မသိသေးသူတွေ လည်းရှိတာပေါ့..

Start >> Run >>  cmd လို့ ရိုက်လိုက်ရင် ဒါ Command DOS Prompt ထဲရောက်သွားပြီပေါ့...

အဲ့ဒါ CMD ပါပဲ.. CMD ဟာ သုံးတတ်ရင် အလွန် တန်ဖိုးမဖြတ်နိုင်ပါဘူး... (စကားများနေပြီ.. လိုရင်းသွားရ

အောင်ဗျာ)

  • CMD window ရဲ့ Title Bar လေးကို Right Click လိုက်ပြီး Properties ထဲကိုဝင်လိုက်ပါ ပုံကိုကြည့်ပါ..


  • Properties Window လေးထဲရောက်သွားရင် အောက်ကလို Colour Tab လေးထဲ ထပ်ဝင်လိုက်ပါ..
  • အဲ့ဒီ့မှာရှိတဲ့ Screen Text နဲ့ Screen Background တို့ ကိုရွေးပြီးတော့....
  • ကျွန်တော် မြားလေးတွေနဲ့ ပြပေးထားတဲ့ အတိုင်း Colour လေးတွေ ထည့်ပြီး Ok နှိပ်ပေးလိုက်ပါ


  • အောက်ကလို Effect ဖြစ်သွားပြီ ဖြစ်တဲ့ ပုံလေးကိုကြည့်ပါ...


ကဲ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ဒီနည်းကတော့ လူတိုင်းလိုလို သိပြီးသားနည်းပါ မေးလာတဲ့ သူရှိလို့ ပြန်လည် တင်ပေးရတာပဲဖြစ်

ပါတယ်...

ကျွန်တော့် ဆီဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် ဆက်သွယ်နိုင်ပါတယ်....

ကျွန်တော်တင်တဲ့ ပို့စ်တွေ ကို ကူးယူတယ်ဆိုရင် ကျွန်တော့်နာမည်တော့ ထည့်ပေးပါ...

ဒါမှ အဲ့ဒီ့ ပို့စ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိလာတဲ့ အခါကျွန်တော် ပြန်လည် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်..

ကျေးဇူးတင်ပါတယ်...

Recycle Bin ကို လက်နဲ့ ရအောင် Rename လုပ်မယ်






အားလုံးမင်္ဂလာပါ.. ကျွန်တော်ကတော့ နောင်ခန့်သူပါ..... ပုံထဲက အမှိုက်ပုံးကြီးက နောင်ခန့်သူ မဟုတ်ဘူးနော် :P  .. ဒီ ပို့စ်နဲ့ သက်ဆိုင်တဲ့ ပုံပါ.. :)

ကျွန်တော် တစ်ပတ်လောက် အအေးမိ ပြီး ဖျားနေလို့ ပို့စ်မတင်နိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်..

အားလုံး ပျော်ရွှင်စေမယ့် ပို့စ်လေးတွေ တင်ပေးတော့မှာပါ...

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...

File တွေ တင်ပြီး  စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..

ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး

လိုက်ပါတယ်...

သာမန်အားဖြင့်တော့ Recycle Bin ရဲ့ Option မှာ Rename ဆိုတာ မပါပါဘူး....

ဒါကိုတော့ သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်.....   သူငယ်ချင်းတွေ အကိုတွေ အစ်မတွေ ကြားထဲမှာ

ငါ Recycle Bin ကို Rename လုပ်တတ်တယ်ကွ ဆိုပြီး မော်ကြွားနိုင်တာပေါ့....။ ဗဟုသုတ ပေါ့ဗျာ...



ပထမဦး ဆုံး Start-->Run ထဲမှာ Regedit လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ.......

Registry Editor ပွင့်လာပါလိမ့်မည်............


  1. HKEY_CLASSES_ROOT ထဲကို Expand လုပ်လိုက်ပြီး CLSID ကိုဖွင့်လိုက်ပါ.... 
  2. CLSID ထဲမှာ ဒီနာမည် နဲ့ Folder ကို လိုက်ရှာပါ {645FF040-5081-101B-9F08-00AA002F954E} 
  3.  တွေ့ရင် သူ့ကို Expand ထပ်လုပ်ပြီး Shell ထဲကိုဝင်လိုက်ပါ.....


 အပေါ်မှာ ပုံပြထားပေးပါတယ် ....... မမြင်ရရင် ပုံကို ကလစ်ပြီး ဝင်ကြည့်ပါ.....

ပြီးရင် 
  • Attributes  value 40 01 00 20 ဆိုတာကို နှစ်ချက် ကလစ်ပေးပြီး အောက်က ပေးထား တဲ့ ဂဏန်းနဲ့ အစားထိုးလိုက်ပါ....
  •  50 01 00 20
 နောက်ထပ်

  • CallForAttributes 0×00000000 ဆိုတဲ့ Value ကိုလဲ နှစ်ချက် Click ပေးပြီး
  • 0 သို့ပြောင်းလိုက်ပါ (မှတ်ချက် Zero ဖြစ်ပါတယ်... O မဟုတ်ပါ)
ဒီအဆင့်တွေ အကုန်ပြီးသွားပြီဆိုရင်  Rename option လေး အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်..

အဆင်ပြေပါစေ...
ကျွန်တော့် ဆီ ဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay  တို့တွင် ဆက်သွယ်လိုက်ပါ...

ကျေးဇူးတင်ပါတယ်...

Window Desktop ပေါ်မှာ ZawGyi Font တင်ပြီး Icon တွေမြန်မာစာမပေါ်ရင် ပေါ်အောင်လုပ်မယ်

Window Desktop ပေါ်မှာ ZawGyi Font တင်ပြီး Icon တွေမြန်မာစာမပေါ်ရင် ပေါ်အောင်လုပ်မယ်
ကဲဒီကောင်လေးကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်
Theme ပြောင်းလိုက်တဲ့အခါ မှာဖြစ်တက်ပါတယ်
အတုံးအတုံး နဲ့ပေါ်နေတယ်
ကဲ မြန်မာစာပြန်ပေါ်အောင်လုပ်မယ်

စလိုက်ကြရအောင်
အပေါ်ကပုံမှာကြည့်ပါ
ကဲ Desktop ရဲ့ နေရာလွတ်မှာ Right Click ပြီးရင် Personalize
ပြီးရင် အောက်ကပုံမှာကြည့်ပါ



ကဲဒီနည်းအတိုင်းလိုက်လုပ်ရင်တော့ အဆင်ပြေမှာ
ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင် Comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com

Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

Sunday, July 28, 2013

အင်တာနက် မှ ဒေါင်းလို့ရတဲ့ ဇာတ်ကားတွေ Video တွေကို အိမ်မှာရှိတဲ့ အောက်စက် DVD စက်နဲ့ဘယ်လိုကြည့်မလဲ ??????????

CBOX မှ ညီငယ် ကမေးထားပါတယ်။
အကိုညီလေးကိုကူညီပေးပါအုံး ytd (youtube downloader) ကနေဒေါင်းလိုက်တယ်ဒေါင်းလိုက်ပြီ USB ထဲကိုထဲ့ လိုက်တယ်အောက်ဆက်နဲ့ကြည့်ချင်တယ် အကိုဘယ်လိုဆော့ဝဲကိုသုံးရမလဲ အကိုညီလေးလုပ်သေးတယ်ဆော့ဝဲက Format Factory နဲ့လုပ်ကြည့်တယ် မရဘူးဖြစ်နေတယ်အကိုပြောပြပေးပါဗျာ�

ဖြေ : တကယ်တမ်းတော့ ကိုညီငယ် Fromat Factory သုံးတာမှန်ပါတယ်
Fromat ပြောင်းတာမှားတာဖြစ်မယ် ကဲအတွေအကြုံလေးနည်းနည်းပြောပြမယ်နော်
အခု အင်တာနက်ပေါ်မှာရှိတဲ့ Video File တော်တော်များများ ဟာ FLV File ဖြစ်ပါတယ်
YOUTUBE တွေ ဇာတ်ကားတွေမှာပါ တွေ့ရပါတယ် FLV က Window media player
တောင်မဖတ်ပါဘူး DVD စက်ဆိုရင်ပြောမနေပါနဲ့တော့ GOM Player တို့ဘာတို့မှဖတ်ပါတယ်
ဘာလို့ FLV File ကို တင်ကြသလဲဆိုတော့ သူက ORIGINAL VIDEO SIZE ကို ချုံလို့ရပါတယ်
ရုပ်ထွက်လဲကောင်းပါတယ် ဒါကြောင့် အင်တာနက်ပေါ်တင်မယ်ဆိုရင် Flv ပြောင်းတင်ကြပါတယ်
လိုင်းနှေးလဲကြည့်လို့ရပါတယ် ။ဒေါင်းလို့ရတဲ့ VIDEO .FLV FIlE ကို Format Factory နဲ့
AVI အဖြစ်သို့ပြောင်းပေးရမှာဖြစ်ပါတယ်
ပုံတွင်ကြည့်ပါ
MPEG4 MP4 တူတူပါဘဲ ဒီကောင်ကိုတော့ပြောင်းလို့ရပါသေးတယ်
ဒါပေးမဲ့ FILE SIZE တော့တော်တော်ကြီးပါတယ်
AVI ဘဲပြောင်းပါ AVI ပြောင်းပြီးတာနဲ့ USB ထဲကိုထည့်လိုက်ပါ
ဒါမှမဟုတ် DVD VCD ခွေထဲကို Burn လိုက်ပါ
ဒါဆိုရင် DVD အောက်စက်မှာကြည့်လို့ရပါပြီ
DVD VCD ထဲထည့်တဲ့အခါမှာ DVD VCD ကို USB သဖွယ်သုံးပါ
ပြောချင်တာကတော့ DATA အဖြစ် Burn ပါ DATA အနေနဲ့ Burn လျှင် Video 100 ကျော်လောက်ထည့်လို့ရပါတယ်
Video အနေနဲ့ Burn လျှင် 18 ခုလောက်ဘဲရပါတယ်
စမ်းပြီးသာပါ DVD ခွေပေါင်းလဲ မနည်းပါဘူး လွတ်ပစ်ရတာ
ဒီလို ခံရဖူး လို့ ဒီလောက်ရေးနိုင်တာပါ
 ကျွန်တော်ဖြစ်စေချင်တာက
ကျွန်တော်တစ်ယောက်ထဲအနစ်အနာခံမယ်
စာဖတ်တဲ့သူတို့ စမ်းစရာမလိုတော့ပါဘူး ကျွန်တော်စမ်းပြီးတော့တင်ပေးထားတာပါ
မှားစရာဘာမှမရှိတော့ပါဘူး လွယ်ပါတယ်ဗျာ

အခု DVD သီးချင်းတွေမှာ တွေ့ဖူးကြမှာပါ
FOLDER တွေနဲ့ သီးချင်းတွေအများကြီးဘဲ
ဒါက AVI အဖြစ်နဲ့ပြောင်းထားတာပါ
တချို့ခွေတွေ MPEG 4 နဲ့ ရှိပါတယ်
ဖွင့်မလို့မရဘူးဗျာ အဆင်မပြေဘူး

ကဲဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ်
FORMAT FACTORY

ဒေါင်းရန် 

ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com  






Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

Friday, July 26, 2013

USB WIFI Adapter ဆိုတာက Laptop မှာပါတဲ့ WiFi ဆွဲအားထက်တကယ်ပိုဆွဲအားကောင်းပါသလား


USB WIFI Adapter ဆိုတာက Laptop မှာပါတဲ့ WiFi ဆွဲအားထက်တကယ်ပိုဆွဲအားကောင်းပါသလား
လို့ CBOX မှ sithu ကိုမေးထားပါတယ်
တကယ်တော့ပြောရရင် Laptop မှာပါတဲ့ WiFi က လိုင်းဆွဲအားကောင်းပါတယ်
ဒါပေမဲ့ USB WiFi Adapter Driver လောက်မကောင်းပါဘူး
ဘာလို့လဲဆိုတော့ WiFi Adapter က Laptop ထဲမှာရှိတာဖြစ်ပါတယ်
ဘာကွာသွားလဲဆိုတော့ WiFi က လှိုင်း နဲ့သွားတာပါ
အတားဆီးတစ်ခုနဲ့ ထိရင် ပြန်ပဲ့တင်လာပါတယ်
ဘာနဲ့သွားတူလဲဆိုတော့ အသံလှိုင်းနဲ့သွားတူပါတယ်
ပြောရရင် အခန်းတစ်ခန်းထဲမှာ ကို WiFi လွင့်ထားတယ်ဆိုပါစို့
အခန်းပြင် ဘက်ကလိုင်းနှေးပါတယ်
ဟုတ်ပါပြီးလိုင်းနှေးနေတယ်ဆိုရင် တံခါးဖွင့်လိုက်ပါ
လှိုင်းက နံရံကိုထိပြီးအပြင်ကိုထွက်လာမှာဖြစ်ပါတယ်
တံခါးဖွင့်လိုက်ရင်လိုင်းက 2ထစ်က နေ 3ထစ်အထိတက်လာပါလိမ့်မယ်
စမ်းပြီးလို့ပြောတာပါ နောက်ပီးတော့ ကိုယ့်အိမ်မှာ
အပေါ်ထပ်နဲ့အောက်ထပ် အောက်ထပ်မှာ Router ထားရင်
အပေါ်ထပ် လိုင်းကောင်းကောင်းမမိပါဘူး ကဲ အပေါ်ထပ်ရော်အောက်ထပ်ရောလိုင်းမိချင်တယ်ဆိုရင်တော့
လှေခါး နားလေးမှာထားပါ ဒါဆိုရင် လိုင်းက ကော်အောင်ကော်ရပါတယ်
အလုပ်လုပ်ပုံကိုပြောပြပါမယ်
ပုံမှာကြည့်ပါ
OPTWIFI2.jpg


OPTWIFI.JPG

နောက်ပီးတော့တစ်ခုရှိပါသေးတယ်
ကျွန်တော်ကိုတိုင်လုပ်ပြီးတော့သုံးတာပါ
တကယ်ကိုအသုံးဝင်ပါတယ်
လုပ်တဲ့နည်းလဲလွယ်တယ်
ဟိဟိ အိမ်မှာရှိတဲ့ဟာနဲ့ဘဲသုံးတာပါ
ကဲ လိုတာက
1.ကဒ်ထူအပါး တစ်ချက်
2.အပူခံငွေရောင် စက္ကူ
3.ကပ်တဲ့ကော်
4.ကပ်တဲ့တိပ်
ဒါပါဘဲ ကဲစရအောင်
ကဒ်ထူ အပါးလေးကို လေးဒေါင့်ပုံ ညှက်ရပါမယ်
ညှပ်ပြီးရင် ငွေရောင်စက္ကူ ကဒ်ထူ ပေါ်တင်ပြီးတော့
ကော်နဲ့ကပ် လိုက်ပါ ပုံမှာပြထားသလိုပေါ့
ပြီးရင် အခုံးလေးဖြစ်အောင် တိန်လေးနဲ့ဆွဲကပ်လိုက်ပါ
အဲဒီ အလည် မှာ USB Adapter ကိုထားပါ
WIFI လွင့်တဲ့ Router ဆီသို့လည့်ထားပါ

 
ဒါပါဘဲ လိုင်း အရင်ကထက် ပိုတက်နေတာကိုတွေရပါလိမ့်မယ်
လက်တွေ့စမ်းပြီးတော့တင်လိုက်တာပါ

နောက်တစ်နည်း
ဒီကောင့်ကတော့ ပုံမရိုက်တင်တော့ဘူး
ကျွန်တော်လဲလုပ်ထားတာမရှိလို့
အအေးသံဘူး တွေကိုမြင်ဖူးကြမှာပါ
CoCa Colar ဘူးနဲ့ လုပ်မယ်
တူတူပါဘဲ ကဲစမယ်နော်
လိုအပ်တာကတော့
1.CaCa Colar ဒါမှမဟုတ် အအေးသုံးဘူး တစ်ဘူး
2.ဒါးတစ်ချောင်း
3.ကပ်ကြေး တစ်လက်
ဒါပါဘဲ ပထမ အရင်ဆုံး
သံဘူးခွန်ကို ရေနဲ့ပြောင်အောင်ဆေးပါ

ကဲပြီးရင်
သံဘူး ဖင်ကိုဖောက်လိုက်ပါ

 
ကဲပီးရင် ခေါင်းပိုင်းကို ဖောက်ရမှာဖြစ်ပါတယ်
နည်းနည်းဘဲချန်ပါ အကုန်မဖောက်ပါနဲ့1 Cm
လောက်ချန်ရင်ရပါပြီ
ကဲပြီးရင်
ချန်ထားတဲ့ ဘက် မှ ဆန့်ကျင်ဘက် ကို ကပ်ကြေး နဲ့ ညှပ်ပါ
 
ကဲပြီးရင်
ဟလိုက်ပါ

ကဲပြီးပါပြီ
ကျွန်တော်ကတော့ ဒီနည်းကိုမသုံးပါဘူး
လက်ရှ မှာဆိုးလို့ ဟိဟိ အပေါ်ဆုံးက ပုံက ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ
USB Adapter လေးကို အလယ်ကောင်အပေါက်ထဲမှာ ကြိုးလေးထည့်ပြီးတော့
Router ဘက်ကိုလည့်ထားလိုက်ရင်ပါပြီး

ဒါကြောင့်
USB WIFI Adapter ဆိုတာက Laptop မှာပါတဲ့ WiFi ဆွဲအားထက်တကယ်ပိုဆွဲအားကောင်းတယ်လို့
ကျွန်တော်ပြောချင်ပါတယ်။





Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

Saturday, July 6, 2013

Facebook Lock ကျနေသူများအတွက် ဖြေရှင်းနည်း

http://www.kreativbuero.de/wp-content/uploads/2011/01/fb_lock-296x300.png

ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်


Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းပါတယ်
ဖုန်းနံပါတ်ထည့်လဲပြန်မပို့ပါဘူး
အရင်ကဆိုရင် ဒီလိုမတောင်းပါဘူး
အခု Facebook ကနေပြီးတော့ Security ထက်မြင့်လိုက်တာဘဲဖြစ်ပါတယ်
အခုဟာက Facebook ကဖုန်းနံပါတ်တောင်းတယ်
ပြီးရင် massage ပြန်မပို့ပါဘူး
တကယ်လို့ ပြန်မပို့ဘူးဆိုရင် ကိုယ့်အကောင့်တော့
သွားပါပီ သုံးမရတော့ပါဘူး တော်တော်လေးကို စိတ်ညစ်ရပါမယ်
ဒီတိုင်း လွတ်ပစ်ရတော့မယ် နောက်တစ်ခုထက်ဖွင့်ရတော့မယ်
စိတ်ညစ်တာပေါ့ဗျာ ကဲ ကျွန်တော်လဲ မေးတဲ့လူ ပလူပြန်နေပါတယ် ကျွန်တော်လဲစိတ်တော်တော်လေးကိုညစ်ပါတယ်
မဖြေရှင်းနိုင်လို့ပေါ့ဗျာ

ကဲအခုတော့ဖြေရှင်းနိုင်ပါပြီ

ဒီလို Lock ကျတဲ့အကြောင်းအရင်းကတော့
ကွန်ပျူတာတစ်လုံးမှာ Facebook အကောင့် လေးငါးခုသုံးလို့ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါဖြစ်ဖူးပါတယ်
သူများအကောင့်ကို သွားဟက်တယ် ဟက်လို့လဲရရော်
ကျွန်တော်အရင် အကောင့်က Lock ကျသွားပါတယ်
အရင်တုံးကတော့ပြန်ဖြေရှင်းလို့ရတယ်
အခုနောက်ပိုင်း ဒီလိုဖုန်းနံပါတ်နဲ့ massage ကနေ Code တောင်းလာတာဖြစ်ပါတယ်။
အခုခေတ်မှာ တိုးတက်လာတဲ့အတွက် နိုင်ငံခြားမှာဆိုရင်
လူတိုင်း ကွန်ပျူတာတစ်လုံးစီ နဲ့ ကိုပိုင်သုံးကြပါတယ်
အင်တာနက်ဆိုင်တွေသွားမသုံးကျတော့ပါဘူး
ဒါကြောင့် FB ကနေပြီးတော့ Facebook အကောင့်တစ်ခုကို
ကွန်ပျူတာတစ်လုံးအတွက်သာ သတ်မှတ်လိုက်ပါတယ်
အများဆုံးဖွင့်လို့ရရင် သုံးခုပေါ့။



ကဲအခုတော့
ကျွန်တော်လုပ်နိုင်သွားပါပြီ
ကဲနည်းကိုမြန်မာနိုင်ငံ မှာရှိတဲ့ဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်

ကဲစလိုက်ကြရအောင်

ကဲ Lock ကျနေတဲ့ Facebook ကို ဖွင့်လိုက်ပါ။
ပြီရင် သူတောင်းတဲ့ဟာတွေကိုထည့်လိုက်ပါ
ပြီရင်း ဖုန်နံပါတ်တောင်းပါလိမ့်မယ်





ဖုန်းနံပါတ်တောင်းလာရင်
ပုံတွင်ကြည့်ပါ ကျွန်တော်စမ်းထားတာ တော့အဆင်ပြေပါတယ်
42665 ကို F လို့ရိုက်ပြီး message ပို့လိုက်ပါ။
ပို့နည်း
ဥပမာ
ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ဆီ massage ပို့တယ်ဆိုရင်
အရင် ဦးဆုံးသူဖုန်းနံပါတ်ကိုထဲ့ရပါတယ်
ပြီးမှ ကိုရေးချင်တဲ့အကြောင်းအရာ ကိုရေးပါတယ်။

အခုဟာလဲဒီလိုပါဘဲ
အရင်ဆုံးပို့တဲ့သူရဲ့ ဖုန်းနံပါတ်ကိုထဲ့တဲ့နေရာမှာ 42665
အကြောင်းအရာမှာ F ပေါ့ဗျာ

42665 ဟာ FB ရုံးဖုန်း massage ကိုလက်ခံမဲ့နေရာပါ
ဒါမှ FB ကနေပြီးတော့ Code ပြန်ပို့လာမှာဖြစ်ပါတယ်

12 နာရီအတွင်း message ပြန်ဝင်လာပါလိမ့်မယ်
Message ၀င်ပြီးနောက် အချိန် 6 နာရီအတွင်း မှာဘဲ
Code ပြန်ဝင်လာမှာဖြစ်ပါတယ်
Code ကို ထည့်ပြီးရင် ရပါပြီ
Facebook lock ပွင့်သွားရင် တော့
အရင်တိုင်းဘဲဝင်လို့ရပါပြီး

သတိ
ဖုန်းနံပါတ်တစ်ခုဟာ Facebook အကောင့်တစ်ခုတည်းတာသုံးလို့ရပါတယ်
နှစ်ခုသွားသုံးရင်တော့ Facebook error တက်ပါမယ်

ကဲအဆင်ပြေပါစေနော်
တကယ်လို့အဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ

ကျွန်တော်ကူညီလို့ရပါတယ်။

အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com



Tuesday, May 28, 2013

Folder_Protect_v1.9.5


http://1.bp.blogspot.com/-hi0xyH0KEt4/UDFGPah89nI/AAAAAAAAA34/CsdhyfYApkU/s1600/Folder+Protect.png
Folder_Protect_v1.9.5
ကဲဒီကောင်လေးကတော့
Internet ဆိုင်တွေ ဂိမ်းဆိုင်တွေအတွက်
တော်တော်လေးကို အသုံးဝင်ပါတယ်
ဘာလို့လဲဆိုတော့ သူက
Folder တွေကို Mask ပစ်လိုက်လို့ရပါတယ်
ဥပမာ အင်တာနက်ဆိုင် ဂိမ်းဆိုင်တွေဆို
လူစုံတယ်ဗျာ ဖျက်ချင်တဲ့ဟာတွေဝင်ဖျက်ကျတာ
ကဲဖျက်လို့မရအောင် C: Folder တွေကို Mask
ခဲပစ်လိုက်လို့ရပါတယ်
ကဲခဲထားတဲ့အတွက် ဖျက်လို့တော့ရတယ်
စက်ပိတ်ပြီးပြန်ဖွင့်လိုက်ရင် မပျက်သွားဘူးဗျာ
ကဲစမ်းကြည့်ပါနော်
  
ကဲအဆင်ပြေပါစေနော်
တကယ်လို့အဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com
www.mmitcity.org@gmail.com

Saturday, May 18, 2013

Recycle Bin ကို rename လုပ်မယ်



ပထမဦး ဆုံး Start-->Run ထဲမှာ Regedit လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ.......

Registry Editor ပွင့်လာပါလိမ့်မည်............

  1. HKEY_CLASSES_ROOT ထဲကို Expand လုပ်လိုက်ပြီး CLSID ကိုဖွင့်လိုက်ပါ.... 
  2. CLSID ထဲမှာ ဒီနာမည် နဲ့ Folder ကို လိုက်ရှာပါ {645FF040-5081-101B-9F08-00AA002F954E} 
  3.  တွေ့ရင် သူ့ကို Expand ထပ်လုပ်ပြီး Shell ထဲကိုဝင်လိုက်ပါ.....


 အပေါ်မှာ ပုံပြထားပေးပါတယ် ....... မမြင်ရရင် ပုံကို ကလစ်ပြီး ဝင်ကြည့်ပါ.....

ပြီးရင် 
  • Attributes  value 40 01 00 20 ဆိုတာကို နှစ်ချက် ကလစ်ပေးပြီး အောက်က ပေးထား တဲ့ ဂဏန်းနဲ့ အစားထိုးလိုက်ပါ....
  •  50 01 00 20
 နောက်ထပ်

  • CallForAttributes 0×00000000 ဆိုတဲ့ Value ကိုလဲ နှစ်ချက် Click ပေးပြီး
  • 0 သို့ပြောင်းလိုက်ပါ
ဒီအဆင့်တွေ အကုန်ပြီးသွားပြီဆိုရင်  rename option လေး အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်..

အဆင်ပြေပါစေ...
naungkhantthu@gmail.com

 

Monday, May 13, 2013

Viber For Windows XP / 7 / 8 & Mac OS X



ဒီနည်းလေးနဲ့ ဆော့ဝဲ လေးကိုတော့ မသိသေးတဲ့ ညီအကို သူငယ်ချင်းများ

ကိုရည်ရွယ်ပါတယ် သိပြီးသားဘော်ဘော်တွေကိုတော့ မပြောဘူးနော်..ဟိဟိ

စာနဲ့ရေးရင် နားမလည်မှာ စိုးရိမ်လို့ ပုံ နှင့်တကွ စာကိုလဲ တခါတည်း ပူးတွဲရေးထည့်လိုက်ပါတယ်

ဒါလေးကတော့ ကွန်ပြူတာကနေ  ဖုန်းဆီကို Viber ခြင်း တိုက်ရိုက်ခေါ်လို့ရမယ့် နည်းလေးပါ

ဟိုအရင်ကတော့ Computer မှာ Viber ခေါ်လို့ ရပါတယ် ဒါပေမယ့် မိမိ စက်ထဲမှာ

Bluestacks ကို အရင်သွင်းပြီးမှာ Android app တွေ နဲ့ Viber တို့ ဘာညာသာရကာ

အမျိုးစုံအောင် သွင်းလို့ရပါတယ်

ဒီမှာတော့ Bluestacks မလိုတော့ပါဘူး Viber ကနေပြီးတော့ ကွန်ပြုတာအတွက် 

ထုတ်လိုက်ပါပြီ နဲနဲတော့ ကောင်းသွားတာပေါ့ bluestacks သုံးစရာမလိုတော့ဘူးပေါ့နော်

မိမိမှာတော့ Andriod ဖုန်း IOS ဖုန်း Blackberry ဖုန်း Window ဖုန်း တခုခု့ ရှိဖို့တော့လိုတယ်နော်

နောက်တခု့က viber ကို မိမိဖုန်းမှာ install လုပ်ပြီးသားဖြစ်ရမယ်နော်

ဒါမှ လွယ်မှာ ဟိဟိ အောက်မှာ ကျနော်ပုံလေးတွေပြထားတယ်ဗျာ ကြည့်သွားလိုက်ပါနော်


 အောက်က ပုံကတော့ ဒေါင်းရမယ့်လင့်ကို ယူရမှာပါ လေးထောင့်ကွက်ကို နှိပ်ပြီးဆက်သွားလိုက်ပါ


 ဒီမှာ မိမိ အသုံးပြုတဲ့ system ပေါ် မူတည်ပြီးဒေါင်းပါ


 ဆက်သွားပါ

ဒေါင်းလို့ပြီးသွားပြီဆိုရင် double click ပေးပြီး install လုပ်သွားလိုက်ပါ
ပုံမှာ ပြထားတဲ့ အတိုင်း ဆက်သွားလိုက်ပါ


ခဏ လေး ဒီမှာ ခဏ စောင့်ပေးပါ


ပြီးသွားရင် Desktop မှာ shotcut လေးပေါ်လာလိမ့်မယ်နော်


ဒီမှာမေးပါပြီ ဖုန်းမှာ Viber ရှိလားတဲ့ ရှိတယ်ဆိုရင် yes ပေါ့ 


ဖုန်းနံပါတ်ထည့်ပေးပါ ဒီဟာထည့်တာတော့ သိကြမှာပါနော်

ဖုန်းနံပါတ်ပေးလိုက်တာနဲ့ Activation ကုတ် ကို မိမိ ဖုန်း ရဲ့ Viber message မှာ

လာပို့ပေးမှာပါ Code လေး ကို အောက်က ကွက်လပ်ထဲမှာ ထည့်ပေးလိုက်ပါ

ပြီးတော့ Enter Viber ကိုနှိပ်လိုက်ပေါ့နော်


Activate ဖြစ်တာနဲ့ ဒီအတိုင်း တန်းပေါ်လာမှာပါ


ဒါကတော့ ကျနော့် အကိုကြီးကို စမ်းခေါ်ထားတာပါ..ဟီဟီ


အဲတခု့မေ့တော့မလို့ တကယ်လို့ မိမိဖုန်းမှာ viber ကို install မလုပ်ရသေးဘူး ဆိုရင်တော့

အောက်က ပုံလေးအတိုင်း မိမိ မှာရှိတဲ့ ဖုန်း နဲ့ Viber ကို install လုပ်ခိုင်းပြီးတော့ 

Activation Code ချပေးပါလိမ့်မယ် ခင်ဗျာ



မိမိ မှာတော့ သူပြထားတဲ့ OS သုံးတဲ့ ဖုန်း တလုံလုံး ရှိရမယ်နော် ..ဟဲ...ဟဲ..ဟဲ

မြန်မာ လိုတော့မရသေးပါဘူးခင်ဗျာ

အားလုံးကိုလေးစားလျက် 

ကိုလတ်(ကျွဲဆင်း)

FB comments