Sunday, August 4, 2013

Command DOS Prompt ရဲ့ Text နဲ့ Back Ground Colour တွေ ပြောင်းမယ်..





အားလုံး မင်္ဂလာပါ...ကျွန်တော် နောင်ခန့်သူပါ...

ကျွန်တော်က အကျင့် တစ်ခုရှိတယ်ဗျ... ကိုယ်က သူများကို ရှင်းပြရရင်... အသေးစိတ်မှ ရှင်းပြတတ်တာ..

ကိုယ့်ကို သူများက ပြောပြရင် လည်း တစ်ခုချင်းပြောပြမှ ကြည်တာ...

ဘာလို့လဲဆိုတော့ ကျွန်တော်အရင်တုန်းက ဘာမှ မသိဘာမှ မတတ်တုန်း.. တစ်ခုမှ နားမလည်တုန်းက..

အဲ့လို ပဲ အစပြုခဲ့ ရတာမို့လို့ပါ...

Post တွေမှာ တော့ ကျွန်တော်က  အသေးစိတ် မရှင်းပြနိုင်ပါဘူး... Post အရမ်းရှည်ပြီး...

Intermediate သမားတွေ မျက်စိနောက်မှာစိုးလို့ပါ... ကဲ စလိုက်ရအောင်...

Command Prompt ဆိုတာ ဘာလဲ လို့ အခုလို လူတိုင်းသိနေပါပြီ.. မသိသေးသူတွေ လည်းရှိတာပေါ့..

Start >> Run >>  cmd လို့ ရိုက်လိုက်ရင် ဒါ Command DOS Prompt ထဲရောက်သွားပြီပေါ့...

အဲ့ဒါ CMD ပါပဲ.. CMD ဟာ သုံးတတ်ရင် အလွန် တန်ဖိုးမဖြတ်နိုင်ပါဘူး... (စကားများနေပြီ.. လိုရင်းသွားရ

အောင်ဗျာ)

  • CMD window ရဲ့ Title Bar လေးကို Right Click လိုက်ပြီး Properties ထဲကိုဝင်လိုက်ပါ ပုံကိုကြည့်ပါ..


  • Properties Window လေးထဲရောက်သွားရင် အောက်ကလို Colour Tab လေးထဲ ထပ်ဝင်လိုက်ပါ..
  • အဲ့ဒီ့မှာရှိတဲ့ Screen Text နဲ့ Screen Background တို့ ကိုရွေးပြီးတော့....
  • ကျွန်တော် မြားလေးတွေနဲ့ ပြပေးထားတဲ့ အတိုင်း Colour လေးတွေ ထည့်ပြီး Ok နှိပ်ပေးလိုက်ပါ


  • အောက်ကလို Effect ဖြစ်သွားပြီ ဖြစ်တဲ့ ပုံလေးကိုကြည့်ပါ...


ကဲ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ဒီနည်းကတော့ လူတိုင်းလိုလို သိပြီးသားနည်းပါ မေးလာတဲ့ သူရှိလို့ ပြန်လည် တင်ပေးရတာပဲဖြစ်

ပါတယ်...

ကျွန်တော့် ဆီဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် ဆက်သွယ်နိုင်ပါတယ်....

ကျွန်တော်တင်တဲ့ ပို့စ်တွေ ကို ကူးယူတယ်ဆိုရင် ကျွန်တော့်နာမည်တော့ ထည့်ပေးပါ...

ဒါမှ အဲ့ဒီ့ ပို့စ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိလာတဲ့ အခါကျွန်တော် ပြန်လည် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်..

ကျေးဇူးတင်ပါတယ်...

0 comments:

Post a Comment

မြန်မာ အိုင်တီ မြို့တော် သို့ ၀င်ရောက်အားပေး သူများကို အထူးကျေးဇူးတင်ပါသည်။

FB comments