Friday, August 16, 2013

Gtalk တွင် Zawgyi-One ပြဿနာဖြေရှင်းနည်း (မြန်မာလို)

YGNBlogger မှရေးသားထားတဲ့ Ebook တစ်ခုပါ။ သင်တို့ နေ့စဉ်သုံးနေတဲ့ Gtalk ထဲမှာ အထူးအဆန်းပြဿနာတွေကိုဖြေရှင်းဖို့ခက်ခဲနေမှာပါ။ ဒီအတိုင်းရှင်းပြရင် ပေရှည်နေမှာစိုးလို့ Ebook တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ်။ အဲ့မှာ ဖြေရှင်းနည်းအချို့တွေပါလာမှာပါ။ သူများဝဘ်ဆိုဒ်မှာ မူးနောက်အောင်ရှာနေစရာမလိုဘဲ ဒီ Ebook မှာတင်အဖြေရှိပါတယ်။ ပိုသိချင်ရင်တော့ Ebook လေးကို ဒေါင်းလုတ်ဆွဲလိုက်ပေါ့။ အောက်ကလင့်လေးအတိုင်းလုပ်ပါ။

Download => Link 1

Wednesday, August 14, 2013

Ninja FLASH GAMES free download (နင်ဂျာ ဖလက်ဂိမ်း)




မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ကျွန်တော်တို့ဒီတစ်ခါတော့ Ninja flash games တွေကို share မှာပါ။ ခုတော့ ဂိမ်းဖွင့်နည်းကိုမသိသေးတဲ့သူတွေအတွက် နောက်မှအဖြေပေးမယ်ဗျာ။ ခုတော့ ၅ခုပေါ့။ အောက်ပါ စာရင်းအတိုင်းကြည့်နိုင်ပါတယ်။


  1. Naruto Boxing Champions
  2. Ninja and Samurai duel
  3. Ninja Test Breakdown
  4. Ninja Bike Stunts
  5. Poninjas Episode 6.5

Download => Link 1 / Link 2 

အဆင်ပြေပါစေ။ မပြေရင် ppt1459@gmail.com ကိုအပ်နိုင်ပါတယ်။ တောင်းဆိုထားတာမို့လို့ထည့်ထားတာပါ။ နောက်လည်းထည့်ဦးမှာပါ။

Sunday, August 11, 2013

WarShip သင်္ဘောတိုက်ပွဲ (ipa iphone game)


1_warship
ခု ကျွန်တော် share မှာက iPhone game ပါ။ :) ရေခရီးသွားရင်းနဲ့ စစ်တိုက်ရတဲ့ ဂိမ်းပါ။ ပြီးတော့ အရင်ခေတ်လိုမျိုး မိုက်ပါတယ်ဗျာ။  https://itunes.apple.com/en/app/warship/id314613893?mt=8 မှာတော့ $0.99 ဖြစ်ပြီး ဒီမှာတော့ free ပါ။ အရမ်းလည်းစားတယ်ဗျ။ iOS 4.2 နှင့် ဗားရှင်းအထက်မှ ကစားလို့ရမှာဖြစ်ပြီး game resolution ကတော့ အရမ်းကောင်းပါတယ်။ ဒေါင်းလုတ်လင့်က တစ်ခုပဲရှိတယ်။ ဒါကြောင့် အောက်ပါအတိုင်း ဒေါင်းလုတ်ယူလိုက်ပါ။ :D


Download => Link 1

Wednesday, August 7, 2013

Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း (how to root Samsung Galaxy Note 2)

Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း (how to root Samsung Galaxy Note 2)




Samsung Galaxy Note 2 အတွက် Root လုပ်နည်းဖြစ်ပါတယ်။ ဖုန်းကို Root လုပ်ထားမှသာ System file ကိုပြင်ဆင်ပြီးလုပ်ဆောင်ရမယ့် app တွေ ၊ function တွေထည့်သွင်းရာမှာအဆင်ပြေမှာပါ။ ကဲ.. Samsung Galaxy Note 2 ကို root လုပ်ကြည့်ရအောင်။
(၁) Galaxy Note 2 ကို root လုပ်ဖို့အတွက်လိုအပ်တဲ့ root package ကိုအောက်က link မှာအရင် download လုပ်လိုက်ပါ။
Galaxy Note 2 root package အားရယူရန်
(၂) root လုပ်ရာမှာလိုအပ်တဲ့ tool တစ်ခုဖြစ်တဲ့ Odin v3.04 ကိုလည်းရယူလိုက်ပါဦး။
Odin v3.04 အားရယူရန်
(၃) ဖုန်းကို root လုပ်ရာမှာ ကွန်ပျူတာနဲ့ချိတ်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ဖုန်းကိုကွန်ပျူတာက သိနေစေဖို့လိုအပ်တဲ့ driver tool ဖြစ်တဲ့ Samsung USB Driver ကို download ရယူထားပါ။ အောက်က link မှာရယူပါ။
Samsung USB Driver အားရယူရန်
(၄) Samsung USB Driver ကိုကွန်ပျူတာမှာ install လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။
(၅) အဆင့် (၂)မှာ Download လုပ်လို့ရလာတဲ့ Odin zip ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဇစ်ဖြည်လိုက်ပါ။ ဇစ်ဖြည်လို့ရလာတဲ့ဖိုင်ထဲက Odin v3.04.exe ကို
run လိုက်ပါ။
(၆) ဒီအဆင့်မှာတော့ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Volume Down (အသံလျှော့ခလုတ်) + Home ခလုတ် + Power ခလုတ် အဲဒီခလုတ်သုံးခုကိုတစ်ပြိုင်တည်းတွဲနှိပ်ပါ။ ဖုန်းမှာ Warning Screen ပေါ်လာပါလိမ့်မယ်။ Volume up (အသံကျယ်ခလုတ်) ကိုနှိပ်ပြီး Download Mode ထဲကိုဆက်လက်ဝင်ရောက်ပါ။
Samsung-Galaxy-Note-Download mode buttons
(၇) Download Mode ထဲရောက်သွားပြီဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB cable အသုံးပြုပြီးချိတ်ဆက်လိုက်ပါ။
(၈) ကွန်ပျူတာနဲ့ဖုန်းနဲ့ကို usb cable နဲ့ချိတ်ဆက်လိုက်တာနဲ့ ကွန်ပျူတာထဲမှာ run ထားတဲ့ Odin v3.04 ဆော့ဝဲက auto သိပြီး ID:COM အကွက်မှာအစိမ်းရောင်အကွက်လေးပေါ်လာပါလိမ့်မယ်။ အဲဒီလိုမပေါ်ဘူးဆိုရင်တော့ ဖုန်း driver သွင်းတဲ့ step မှာ error တစ်ခုခုရှိခဲ့လို့ ဒါမှမဟုတ် driver မသွင်း၇သေးလို့ပါ။ အစိမ်းရောင်အကွက်မပေါ်ခဲ့ရင် ဖုန်း driver ကိုကွန်ပျူတာမှ သေချာမှန်ကန်စွာသွင်းပြီး အပေါ်က step များကိုပြန်လည်လုပ်ဆောင်ပါ။

(၉)Odin ဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်လေးပါပါတယ်။ အဲဒီခလုတ်လေးဘေးက အကွက်လေးကိုအမှန်ခြစ်ပေးပြီးမှ PDA ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင် ပထမဆုံး အဆင့် (၁) မှာတုန်းက download လုပ်လို့ရခဲ့တဲ့ cwm6-root-note2.tar ဆိုတဲ့ဖိုင်လေးကိုရွေးပေးပါ။ ပြီးရင် Open ကိုနှိပ်ပါ။
 
(၁၀) ပြီးရင်တော့ Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် ဖုန်း screen ပေါ်မှာ Custom Recovery နဲ့ Super User root file များစတင်သွင်းနေတာကိုတွေ့၇ပါမယ်။
 
(၁၁) root & recovery install process ပြီးသွားပြီဆိုရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ Boot ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ application တွေထဲမှာကြည့်လိုက်ပါ။ Android စက်ရုပ်စူပါမင်း icon လေးနဲ့ Super SU ဆော့ဝဲလေးကိုတွေ့၇ပြီဆိုရင်တော့ root process အောင်မြင်ပြီဖြစ်ပါတယ်။

Sunday, August 4, 2013

Android Applications တွေ Uninstall လုပ်လို့ မရရင် ရအောင်လုပ်မယ်..(Uninstaller မလို)




အားလုံး မင်္ဂလာပါ.. ကျွန်တော်က တော့ နောင်ခန့်သူပါ....

ဒီနေ့ ပဲ မနက်ပိုင်းတုန်းက G-talk မှာ ညီငယ်တစ်ယောက်က မေးလာပါတယ်.....

အကိုနောင်ခန့်သူရေ.... ကျွန်တော့် ရဲ့ Andriod Phone မှာတစ်ချို့ Applications တွေ က Uninstall

လုပ်လို့ မရဘူး.... Uninstall not successfully ပဲ ပြနေပါတယ်... အကိုအားရင် Android Apps Uninstaller လေးတင်ပေးပါလား .......တဲ့ဗျာ...

ကဲ ညီငယ်ကို ပြန်ဖြေလိုက်ပါပြီ.. Uninstaller တွေ ဘာတွေ ဘာမှ မလိုပါဘူး....Download လုပ်ရတာပဲ

အချိန်ပုပ်မယ်... မြန်မာပြည် Connection က သိတယ်မလား  :P ... ကဲ ဒီတော့လွယ်လွယ်လေးနဲ့

Uninstall လုပ်နည်းလေး သွားကြရအောင်ဗျာ.... ဒီနည်းကလည်း အားလုံး လိုလို သိကြတဲ့နည်းပါပဲ...

သတိ မမူ ဂူမမြင်လို့နည်းနည်းပါးပါး လေ့လာစူးစမ်းစိတ်မမွေးမြုလို့ မလုပ်တတ်ရတာပဲ ဖြစ်ပါတယ်...

(ရမ်းကလိတာကို ပြောတာမဟုတ်ပါဘူး) :P :P

ကဲ ဒီ ဖြစ်ရပ်မှာ ကျွန်တော် တို့ မြန်မာတွေ ဘာမှားသလဲ ဆိုတော့ ... တွေ့ကရာမြင်ကရာတွေ

ပေါ်ပေါ်လာရင်ရင် No မနှိပ်တတ်တဲ့... Cancel မနှိပ်တတ်တဲ့ အကျင့်ရှိလို့ပါပဲ....

Android OS မှာရှိတဲ့ System device နဲ့ပတ်သက်တဲ့ Application တွေ ဆိုရင်...

Run လို့ရအောင် Device Admin Permission တောင်းပါတယ်.... ကဲ Admin ရေခွင့်ပြုမလားဟေ့

ဆိုပြီးတော့ပေါ့ .. :P

အောက်က ပုံမှာကြည့်ပါ.... ကဲ ဘာမှန်းမသိတော့ Activate လုပ်လိုက်တာပေါ့လေ... ဒါကြောင့် မို့လို့

Application ကို Lock ချထားလိုက်သလို သဘောမျိုးဖြစ်သွားပါတယ်.. ဖျက်လို့လည်းမရ..

Uninstall လည်းလုပ်လို့မရတော့ပါဘူး...


ကဲ ဒီလိုဖြစ်ရင် ဘယ်လို လုပ်မလဲ ..??? လွယ်ပါတယ်... ဆက်ကြည့်လိုက်ပါ...

အရင်ဦးဆုံး Setting ထဲကို သွားလိုက်ပါ...

ကဲ ဝင် ပြီး တဲ့ အခါမှာ....

Location & Security (သို့မဟုတ်) Security ထဲကို ဝင်လိုက်ပါ....... (ကျွန်တော့်မှာက Location သက်

သက်.. Security သက်သက်ပါ...)


 ဒီတော့ Security ထဲပဲ ဝင်လိုက်ပါတယ်.... ပြီးတော့ အောက်ကလို Device Administrator ထဲ

ကို ထပ်ဝင်ပါတယ်....

ကဲ  Device Administrators ထဲမှာ ခဏလောက် ရပ်မယ်....

ဘာလို့လဲ ဆိုတော့ Location & Security တွဲ ထားတဲ့ ဖုန်းပိုင်ရှင်တွေတော့ ကျွန်တော့်ကိုပေါက်ကွဲမှာ

စိုးလို့ ..ကဲ အဲ့လို သူတွေကလည်း Device Administrators ထဲကိုရောက်အောင် အောက်ကလို သွားရုံပေါ့

ဘာခက်တာမှတ်လို့ ... :)


ကဲ ဘယ်လိုဖြစ်ဖြစ် Device Administrators ထဲကို ကျွန်တော်တို့ ရောက်သွားကြပါပြီ...

ကဲ အားလုံး Device Administrators ထဲကို ရောက်သွားကြပြီနော်.. Device Administrators

ရောက်တာနဲ့ ကိုယ် Uninstall လုပ်ချင်တဲ့ကောင်ကို အောက်ကလို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....

အမှန်ခြစ်ကလေး ဖြုတ်ပေးပြီးပြီဆိုရင် အောက်ကလို Deactivate လုပ်ဖို့

စာလေးတက်လာပါလိမ့်မယ်...သူ့ကို  အစပိုင်းတုန်းကActivate လုပ်ပေးထားမိ တယ်လေ ...

ကျွန်တော် ဒီပို့စ်အစ မှာ ပြောပြခဲ့ ပါတယ်... ဒီတော့ Deactivate လုပ်ဖို့အောက်မှာပြထားတဲ့ ပုံအတိုင်း

Deactivate ခလုတ်ကိုနှိပ်ပေးလိုက်ပါ...


ပြီးရင် ကိုယ် အမှန်ခြစ်ဖြုတ်ထားတဲ့ကောင်ကို Uninstall လုပ်ဖို့အတွက်......

Manage Applications ထဲကို ဝင်လိုက်ပါတယ်.. (Launcher ထဲမှာ ပါတဲ့ Long Pressing Option လေး
သုံးပြီးတော့လည်း... Uninstall ပြုလုပ်နိုင်ပါတယ်.. ဒါပေမယ့်အဲ့လိုအလွယ်လမ်းလိုက်တာမကောင်းပါဘူး..
 ပညာရပ်တစ်ခုကို အလွယ်လမ်းလိုက်မိရင် ..တခြားသူနဲ့ Related ဖြစ်နေတဲ့ အကြောင်းအရာတွေ
 ရောက်ရင် မသိတာ.. မလုပ်တတ်တာတွေ ဖြစ်လာနိုင်ပါတယ်... )

ကျွန်တော့်ဆီမှာတော့ Third-party ကနေ ဝင်လိုက်တယ်...



နောက်ပြီး ကိုယ် Uninstall လုပ်ချင်တဲ့ Application ထဲကို ဝင်လိုက်ပါတယ်....


ပုံမှန် Uninstall လုပ်နေကြ အတိုင်း Uninstall လုပ်ပါတယ်.....

This application will be uninstalled ဆိုတာ တွေ့ပါလိမ့်မယ်.... OK ကို ရဲရဲ သာနှိပ်ပေးလိုက်ပါ...



 အောက်ကပုံက တော့ Uninstalling Process ထဲမှာပဲ ရှိနေသေးကြောင်းပြတဲ့ ပုံပါ..


 ကဲ အောက်က ပုံလေးကို ကြည့်လိုက်ပါ...


ပုံမှာမြင်တဲ့ အတိုင်းပါပဲ Uninstall လုပ်လို့ မရတဲ့ကောင်ကို လုပ်ပြီးတဲ့ပုံပါ...

ကဲ မိတ်ဆွေရဲ့ Andriod ဖုန်းမှာမလိုအပ်တဲ့ကောင်ကို အောင်မြင်စွာ Uninstall လုပ်ပစ်နိုင်လိုက်ပါပြီ...

ကျွန်တော် ပုံတွေမှာ ပြထားတဲ့ Location & Security ထဲ ဝင်တဲ့ အပိုင်းမှာ က ဖုန်းတစ်လုံး သုံးထားပြီး...

အဲ့ဒီ့ဖုန်းမှာ... Screen Shot Capture လုပ်ရမှာ... Error လေးအနည်းငယ်တက်နေလို့ ...

Samsung ဖုန်းနဲ့ အစားထိုး ပြီး Screen Shot လေးရိုက်တင်လိုက်ရပါတယ်.......

ဘယ်လိုပဲဖြစ်ဖြစ် သဘောတရားကို နားလည်ရင် အားလုံးအဆင်ပြေမှာပါ...

ဘယ်ဟာကိုမှ ပုံသေ မမှတ်တာအကောင်းဆုံးပါ....

ကျွန်တော် ရေးတဲ့ Post တွေ မှာ အရင်ကဆို အသေးစိတ် ရှင်းပြပါတယ်... အခု နောက်ပိုင်းက

အချိန်သိပ်မပေးနိုင်လို့ ... အသေးစိတ်မရှင်းပြနိုင်တာ စိတ်မရှိကြပါနဲ့ ..

နားမလည်တဲ့ အပိုင်းတွေကို ကျွန်တော့် G-talk မှာ လာမေးနိုင်ပါတယ်....

ကျွန်တော့်ကြောင့် နည်းပညာ ဗဟုသုတ တစ်ခု တိုးပွားသွားခဲ့တယ်ဆိုရင် ကျေးဇူးတင်စကားမပြောချင်

နေပါ.. ကျွန်တော် ကျေနပ်ပါတယ်.....

ကဲ အားလုံး အဆင်ပြေကြစေဗျာ....

ကျွန်တော်နှင့်တိုက်ရိုက်ပြောလိုပါက

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် ဆက်သွယ်နိုင်ပါတယ်...

ဒီ Post လေး ကို အစအဆုံး ဖတ်ပေးသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်..

ကိုယ်ပိုင် Antivirus Program လေးတစ်ခု ရေးကြရအောင်...(With Batch Programming)


အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် ကတော့ နောင်ခန့်သူပါ....

ကဲ ကျွန်တော့် ပုံစံအတိုင်း Tutorial လေးတစ်ခုကို ပြောပြရတော့မှာပေါ့... အားလုံးပဲ ကြိုက်ကြလိမ့်မယ်

ထင်ပါတယ်... သိပြီးသား သူတွေကတော့ ရှိမှာပေါ့ဗျာ... မသိသေးသူတွေ အတွက် အထူးရည်ရွယ်ပါတယ်...

အခုပြုလုပ်မယ့် Program လေးကတော့ Antivirus  Program လေးတစ်ခုကို Batch Programming နဲ့ ပြုလုပ်

သွားမှာပဲ ဖြစ်ပါတယ်... ဒီ Antivirus လေးဟာ ကိုယ့်စက်မှာ မလိုအပ်တဲ့  unwanted or harmful ဖြစ်စေတဲ့

ကောင်တွေကို ရှင်းထုတ်ပေးမှာပဲဖြစ်ပါတယ်.....

Antivirus Software ကောင်းကောင်း Download ဆွဲဖို့ ရာ အချိန်မရှိဘူးဆိုတဲ့ ကျွန်တော့်လို သူတွေ အတွက်

ပေါ့ဗျာ... ကဲ စလိုက်ရအောင်ဗျာ... ခပ်မြန်မြန်လေးသွားကြတာပေါ့...

ပထမဦးဆုံး ကျွန်တော် အောက်မှာ အနီ ရောင်လေးတွေနဲ့ ပြပေးထားတဲ့ Code လေးတွေကို Copy ကူးလိုက်ပါ...
@echo off
color cb
title Batch Antivirus
cls
echo ===============
echo [ Batch-Master]
echo ===============
echo If There's no message ,You are protected.
set /p a=Enter a batch file to scan:
for /f %%x in (
'findstr /i /m "virus r.i.p byebye HaHaHa Hacked Hack" %a%.bat'
) do (
if /i %%x equ %a%.bat (
for /f %%z in (
'findstr /i /b /m "tskill del copy shutdown ipconfig ren reg" %a%.bat'
) do (
if /i %%z equ %a%.bat (
cls
echo Virus Detected!!
echo %a%.bat was deleted....
del %a%.bat & pause >nul
)
)
)
)
pause >nul

  1. Notepad ထဲကို Paste လုပ်လိုက်ပြီး.....File ထဲကိုဝင် Save as ထဲကို ထပ်မံဝင်လိုက်ပါ...
  2. File name မှာ my antivirus.bat ရိုက်ပါ..
  3. Save as type မှာ All Files ကို ရွေးပေးပါ... Save လုပ်လိုက်ပါ....
  4.  ပြီးတာနဲ့ ... Antivirus Program လေးကို Command Prompt အနေနဲ့  Run လို့ ရသွားပြီ ဖြစ်ပါတယ်..
  5. အောက်မှာ Screen Shot များကို ကြည့်ပါ..

File ထဲ ကိုဝင်တဲ့ ပုံပါ.... ပုံ မမြင် ရရင် ကလစ်ပြီးကြည့်လိုက်ပါ....



Save as ထဲကို ထပ်မံ ဝင်တဲ့ ပုံပါ...



အောက်က ပုံမှာ ကျွန်တော် ဝိုင်း ပြထားတဲ့ အတိုင်း ဖြည့်ပြီး Save ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်....



ကဲ ဒါဆိုရင် အောက်မှာ  ကိုယ် လုပ်လိုက်တဲ့ Antivirus File လေးကို .bat အနေနဲ့  မြင်တွေ့ရပါပြီ

ဖွင့်ကြည့်လိုက်ပါ......


 ကဲ အောက်က လိုပုံမျိုးလေးပေါ့ဗျာ....




ကဲ ဒါဆိုရင် သင်ဟာ သင် ကိုယ်တိုင် ပြုလုပ်လိုက်တဲ့ Antivirus ဖိုင်လေးကို ရရှိသွားပြီဖြစ်ပါတယ်...

=====================================================================

ဒါနဲ့မှ မကျေနပ်သေးဘူး.... Design လန်းအောင် လုပ်ချင်တယ် ဆိုရင်.... ဆက်သွားရကြအောင်ဗျာ...

ကဲ အောက်မှာ ပေးထားတဲ့ Bat to Exe Converter လေးကို Download ဆွဲလိုက်ပါ....

(Download ဆိုတဲ့ပုံလေးကိုနှိပ်လိုက်ပါ)

 

Bat to Exe Converter လေးကို ဖွင့်လိုက်ပါ....
Antivirus လေးအတွက် Icon ထည့်မယ်ဆိုရင်တော့ ... Versioninformations ဆိုတာ ထဲကို ဝင်လိုက်ပါ..

အောက်ပုံအတိုင်း Icon ဆိုတဲ့ ဘေးနားက ခလုတ်လေးကို နှိပ်ပြီး မိမိရဲ့ Icon File လေးကို ထည့်ပေးလိုက်ပါ..

ကျွန်တော် သုံးတဲ့ Icon File လေးကိုတော့ အောက်က Download ဆိုတာလေး နှိပ်ပြီးယူလိုက်ပါ...




ကဲအောက်မှာ ကျွန်တော်မြားပြထားသလို လေးပေါ့ ... အဲ့ဒါလေးထဲကို နှိပ်ပြီး Icon File လေးကို ရွေး

ပေးလိုက်ပါ..



ပြီးရင် ပုံမှာ မြင်တဲ့ အတိုင်း ဘယ်ဘက် အောက် ထောင့် က Compile ဆိုတာလေးကို နှိပ်ပေးလိုက်ပါ...

အောက်မှာ သူ့ဟာသူ Compile လုပ်နေပါ လိမ့်မယ်....


ကဲ ရပါပြီ ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးပြုလုပ်လိုက်တဲ့ Antivirus Program လေးကို အောက်ကလို

Icon လေးနဲ့ မြင်ရပြီ ဖြစ်ပါတယ်....





တကယ်လို့ ကျွန်တော်တင်ပေးလိုက်တဲ့ Icon မှာ နောက်က အဖြူရောင်ကို မကြိုက်ဘူးဆိုရင်တော့

Photoshop နဲ့ ဖျောက်လိုက်ပါ... .ico အနေနဲ့ပြန် Save လိုက်ပေါ့ ဗျာ...
ကဲ ဒီကောင်လေးကို Run ထားလိုက်ရင် Virus တွေ တွေ့တဲ့ အခါ အောက်ကလို Quarantine လုပ်ပေးသွား

မှာဖြစ်ပါတယ်.....

ကဲ စတန့် ထွင်ချင်တဲ့ သူများအတွက်ကတော့ ဒီလို လေး ဖြစ်အောင်လုပ်ပြီး သူငယ်ချင်းတွေ အကိုအစ်မ

တွေ ကြားထဲမှာ ငါ့ဟာငါ Antivirus လုပ်တတ်တယ်ကွ ဆိုပြီး ကြွားလို့ ရတာပေါ့ဗျာ....

ဗဟုသုတ ရစေချင်လို့ ဒီ Post လေးကို တမင် တင်ပေးလိုက်တာပါ....

နောင်အခါများမှာလည်း C++,C#,Visual Basic တို့ကို အသုံးပြုပြီး ကိုယ်ပိုင် Antivirus Program လေးတွေ

ဖန်တီးနည်းများကို သင်ပေးသွားမှာပဲ ဖြစ်ပါတယ်...

ဒီနေ့ တော့ ဒီလောက်ပဲပေါ့ ....

စကားလေးနည်းနည်းလောက် ထပ်ပြောချင်ပါသေးတယ်...

ကျွန်တော်တို့ Blogger တွေဟာ မျက်စိညောင်းခံ ... လက်ညောင်းခံ ... အပင်ပန်းခံ... အချိန်ကုန်ခံပြီး...

မြန်မာ နိုင်ငံ မှ ညီအစ်ကိုမောင်နှမ များ အချိန်မရွေးလေ့လာနိုင်အောင် နည်းပညာ များကို

Website ပေါ်မှ တစ်ဆင့် သင်ကြားပေးနေတာပဲဖြစ်ပါတယ်... ကျွန်တော်တို့ အဖွဲ့ဟာ....

ပြဿနာ အားလုံးကင်းရှင်းပါတယ်...... တကယ်လို့ ပြဿနာ တစ်ခုခု တက်ခဲ့ ရင်တောင် ကျွန်တော် တို့

အဖွဲ့ နဲ့ ဘာမှကို မဆိုင်ကြောင်း ကြို တင်ပြောကြားလိုပါတယ်.....

ကျွန်တော့် အကြောင်း မသိပါဘဲလျှက်နှင့် ကျွန်တော့် ကိုမကောင်းပြောကြတယ်လို့လည်း ကြားမိလို့ပါ....

ကျွန်တော် နောင်ခန့်သူ ဟာ အခု အချိန်ထိ သူများကို ဒုက္ခ ရောက်စေမယ့် အလုပ်မလုပ်ပါဘူး...

မကောင်းတာ မှန်သမျှ အကုန်ရှောင်ပြီး.... မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမ နည်းပညာ လေ့လာသူ

လူငယ်လေးများ  အားလုံးကို အဆင်ပြေအောင် လိုက်လံကူညီနေတာ ဖြစ်ပါတယ်...

ကျွန်တော်နဲ့ ပတ်သက်လို့ မကောင်းသတင်းထွက်ခဲ့ ရင်လည်း ... မဟုတ်ကြောင်း ကြိုတင်ပြောထားပါရစေ..

စကားနည်းနည်းလေး ရှည်သွားပြီ.... ကဲ အခု တင်ပေးလိုက်တဲ့ Post နဲ့ပတ်သက်လို့ ...

အတူတူ လိုက်ကလိကြည့်ကြတဲ့ ကလိသူ အဲလေ စမ်းသပ်ကြည့်သူ ညီအစ်ကို မောင်နှမ များအားလုံး

အားလုံးအဆင်ပြေကြပါစေလို့....

ကျွန်တော့်ဆီဆက်သွယ်လိုတယ်ဆိုရင်....

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် လာရောက် ဆက်သွယ်နိုင်ပါတယ်......

အဆုံးထိ ဖတ်ရှုပေးကြတဲ့ ညီအစ်ကို မောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်....

Command DOS Prompt ရဲ့ Text နဲ့ Back Ground Colour တွေ ပြောင်းမယ်..





အားလုံး မင်္ဂလာပါ...ကျွန်တော် နောင်ခန့်သူပါ...

ကျွန်တော်က အကျင့် တစ်ခုရှိတယ်ဗျ... ကိုယ်က သူများကို ရှင်းပြရရင်... အသေးစိတ်မှ ရှင်းပြတတ်တာ..

ကိုယ့်ကို သူများက ပြောပြရင် လည်း တစ်ခုချင်းပြောပြမှ ကြည်တာ...

ဘာလို့လဲဆိုတော့ ကျွန်တော်အရင်တုန်းက ဘာမှ မသိဘာမှ မတတ်တုန်း.. တစ်ခုမှ နားမလည်တုန်းက..

အဲ့လို ပဲ အစပြုခဲ့ ရတာမို့လို့ပါ...

Post တွေမှာ တော့ ကျွန်တော်က  အသေးစိတ် မရှင်းပြနိုင်ပါဘူး... Post အရမ်းရှည်ပြီး...

Intermediate သမားတွေ မျက်စိနောက်မှာစိုးလို့ပါ... ကဲ စလိုက်ရအောင်...

Command Prompt ဆိုတာ ဘာလဲ လို့ အခုလို လူတိုင်းသိနေပါပြီ.. မသိသေးသူတွေ လည်းရှိတာပေါ့..

Start >> Run >>  cmd လို့ ရိုက်လိုက်ရင် ဒါ Command DOS Prompt ထဲရောက်သွားပြီပေါ့...

အဲ့ဒါ CMD ပါပဲ.. CMD ဟာ သုံးတတ်ရင် အလွန် တန်ဖိုးမဖြတ်နိုင်ပါဘူး... (စကားများနေပြီ.. လိုရင်းသွားရ

အောင်ဗျာ)

  • CMD window ရဲ့ Title Bar လေးကို Right Click လိုက်ပြီး Properties ထဲကိုဝင်လိုက်ပါ ပုံကိုကြည့်ပါ..


  • Properties Window လေးထဲရောက်သွားရင် အောက်ကလို Colour Tab လေးထဲ ထပ်ဝင်လိုက်ပါ..
  • အဲ့ဒီ့မှာရှိတဲ့ Screen Text နဲ့ Screen Background တို့ ကိုရွေးပြီးတော့....
  • ကျွန်တော် မြားလေးတွေနဲ့ ပြပေးထားတဲ့ အတိုင်း Colour လေးတွေ ထည့်ပြီး Ok နှိပ်ပေးလိုက်ပါ


  • အောက်ကလို Effect ဖြစ်သွားပြီ ဖြစ်တဲ့ ပုံလေးကိုကြည့်ပါ...


ကဲ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ဒီနည်းကတော့ လူတိုင်းလိုလို သိပြီးသားနည်းပါ မေးလာတဲ့ သူရှိလို့ ပြန်လည် တင်ပေးရတာပဲဖြစ်

ပါတယ်...

ကျွန်တော့် ဆီဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် ဆက်သွယ်နိုင်ပါတယ်....

ကျွန်တော်တင်တဲ့ ပို့စ်တွေ ကို ကူးယူတယ်ဆိုရင် ကျွန်တော့်နာမည်တော့ ထည့်ပေးပါ...

ဒါမှ အဲ့ဒီ့ ပို့စ်နဲ့ ပတ်သက်တဲ့ ပြဿနာရှိလာတဲ့ အခါကျွန်တော် ပြန်လည် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်..

ကျေးဇူးတင်ပါတယ်...

Recycle Bin ကို လက်နဲ့ ရအောင် Rename လုပ်မယ်






အားလုံးမင်္ဂလာပါ.. ကျွန်တော်ကတော့ နောင်ခန့်သူပါ..... ပုံထဲက အမှိုက်ပုံးကြီးက နောင်ခန့်သူ မဟုတ်ဘူးနော် :P  .. ဒီ ပို့စ်နဲ့ သက်ဆိုင်တဲ့ ပုံပါ.. :)

ကျွန်တော် တစ်ပတ်လောက် အအေးမိ ပြီး ဖျားနေလို့ ပို့စ်မတင်နိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်..

အားလုံး ပျော်ရွှင်စေမယ့် ပို့စ်လေးတွေ တင်ပေးတော့မှာပါ...

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...

File တွေ တင်ပြီး  စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..

ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး

လိုက်ပါတယ်...

သာမန်အားဖြင့်တော့ Recycle Bin ရဲ့ Option မှာ Rename ဆိုတာ မပါပါဘူး....

ဒါကိုတော့ သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်.....   သူငယ်ချင်းတွေ အကိုတွေ အစ်မတွေ ကြားထဲမှာ

ငါ Recycle Bin ကို Rename လုပ်တတ်တယ်ကွ ဆိုပြီး မော်ကြွားနိုင်တာပေါ့....။ ဗဟုသုတ ပေါ့ဗျာ...



ပထမဦး ဆုံး Start-->Run ထဲမှာ Regedit လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ.......

Registry Editor ပွင့်လာပါလိမ့်မည်............


  1. HKEY_CLASSES_ROOT ထဲကို Expand လုပ်လိုက်ပြီး CLSID ကိုဖွင့်လိုက်ပါ.... 
  2. CLSID ထဲမှာ ဒီနာမည် နဲ့ Folder ကို လိုက်ရှာပါ {645FF040-5081-101B-9F08-00AA002F954E} 
  3.  တွေ့ရင် သူ့ကို Expand ထပ်လုပ်ပြီး Shell ထဲကိုဝင်လိုက်ပါ.....


 အပေါ်မှာ ပုံပြထားပေးပါတယ် ....... မမြင်ရရင် ပုံကို ကလစ်ပြီး ဝင်ကြည့်ပါ.....

ပြီးရင် 
  • Attributes  value 40 01 00 20 ဆိုတာကို နှစ်ချက် ကလစ်ပေးပြီး အောက်က ပေးထား တဲ့ ဂဏန်းနဲ့ အစားထိုးလိုက်ပါ....
  •  50 01 00 20
 နောက်ထပ်

  • CallForAttributes 0×00000000 ဆိုတဲ့ Value ကိုလဲ နှစ်ချက် Click ပေးပြီး
  • 0 သို့ပြောင်းလိုက်ပါ (မှတ်ချက် Zero ဖြစ်ပါတယ်... O မဟုတ်ပါ)
ဒီအဆင့်တွေ အကုန်ပြီးသွားပြီဆိုရင်  Rename option လေး အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်..

အဆင်ပြေပါစေ...
ကျွန်တော့် ဆီ ဆက်သွယ်လိုတယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay  တို့တွင် ဆက်သွယ်လိုက်ပါ...

ကျေးဇူးတင်ပါတယ်...

Facebook မှာ ဘယ်သူ ကိုယ့်ကို Unfriend လုပ်ထားလဲ သိအောင် လုပ်နည်း..




အားလုံး မင်္ဂလာပါ... ကျွန်တော်နောင်ခန့်သူပါ.....

တစ်ခု လောက်ပြောချင်ပါတယ်... ကျွန်တော့် ပို့စ်တွေကို လွတ်လွတ်လပ်လပ် ကူးယူခွင့် ပြုပါတယ်..

Credit/Ref Link တွေ ပေးစရာမလိုပါဘူး.. ကျွန်တော့် နာမည် လေးတစ်ခုတော့ ထည့်ပေးဖို့

ကြိုတင်တောင်းဆိုပါရစေ......

ဒီပို့စ်ကတော့ အဟောင်းလေးပါပဲ ... အခု မှ ပြန်သတိရလို့ ပြန်တင်ပေးလိုက်ပါတယ်...

ကဲ ဒီပို့စ် အတွက် လိုအပ်တာကတော့ Google Chrome Browser တစ်ခုထဲပါပဲ...

လိုင်းမကောင်းလို့ Mini Post လေးတွေ ပဲတင်နိုင်သေးလို့ စိတ်မကောင်းပါဘူး...

ကဲ စကားများမနေတော့ပါဘူး... စလိုက်ရအောင် ...


  • မိမိရဲ့ Google Chrome Browser ထဲမှာ ... အောက်က အနီနဲ့ လင့်ကို Copy ကူးပြီး Paste လိုက်ပါ..
  • https://chrome.google.com/webstore/detail/unfriend-alerts/lgbeldbnadmemecalekdfnffgobkpafc
ပြီးရင် အောက်က ပုံလို မြင်ရပါမယ်...


ကဲ ပုံမှာ မြင်တဲ့ အတိုင်းပဲ Add To Chrome ကိုနှိပ်ပေးပါ......

အောက်လို ပုံလေးပေါ်လာရင် Add ကိုထပ်နှိပ်....



အောက်ပုံကိုကြည့်ပါ ... Checking လို့ပြနေပါလိမ့်မယ်... ထားလိုက်ပါ.. ဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး..
 


ကဲအောက်က ပုံလို အစိမ်းရောင် ခလုတ်ကလေးနဲ့ Added To Chrome ဆိုတာ တွေ့လားမသိဘူး..


ဒါဆိုရပါပြီ ... facebook ကိုပြန်ဝင်လိုက်ပါ.. အောက်ကလို မျိုးလေး ပေါ်နေပါလိမ့်မယ်....


 Okay ကိုနှိပ်ပေးပါ... အောက် မှာပြပေးထားတဲ့ ပုံလို လေးပေါ်လာရင်တော့ ရပါပြီ....


 Facebook ကိုပြန်ဝင်လိုက်ပါ... Notification Bar လေးမှာ အောက်မှာ ခရမ်းရောင်လေးနဲ့ ဝိုင်းပြထားသလို

ပုံလေး ပေါ်လာပါလိမ့်မယ်..


 ကဲ ပုံလေးကိုကြည့်လိုက်ပါ... ကြည့်ပြီးရင်တော့ နှိပ်လိုက်ပါ....

 အောက်က ပုံကိုထပ်ကြည့်လိုက်ပါဦး.... ဟော သူငယ်ချင်း တွေ အကုန်ပေါ်လာပြီ...

ကျွန်တော့် ဘက်က Connection ကတော့ ပုံမပေါ်ဘူးဗျ.. :)



အဲ့ဒီ့မှာ Check All ကိုနှိပ်လိုက်ပါဦး...... ကိုယ့်ကို ဘယ်သူမှ Unfriend မလုပ်ထားဘူးဆိုရင် Checked လို့

အမှန်ခြစ်ကလေးပဲ ပြနေပါလိမ့်မယ်...

Unfriend လုပ်ထားပြီဆိုရင်တော့ အောက်က ပုံလိုမျိုး Refriend လို့ပြနေပါလိမ့်မယ်......

ဒီလိုဆိုရင် ကိုယ့်ကို Unfriend လုပ်သွားတဲ့ မောင်မင်းကြီးသားကိုမြင်ရပြီပေါ့...

ပုံထဲက ဟာကတော့ ကျွန်တော့် Account ပါ....



ကဲ ဒီလောက်ဆို အားလုံးသဘောပေါက်ကြမယ်ထင်ပါတယ်... အားလုံးနားလည်အောင်...

အများနားလည်မယ့် စကားနဲ့ပဲ ရှင်းပြပေးထားပါတယ်..

အားလုံးအဆင်ပြေပါစေ....

ကျွန်တော်နှင့် ဆက်သွယ်လိုပါက ...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် လာရောက် ဆက်သွယ်နိုင်ပါတယ်...

ကျေးဇူးတင်ပါတယ်...

FB comments