Monday, May 21, 2012

Gtalk ကို Shortcut ကနေ Chat မယ်

ဒါလေးကလဲ ဘာရယ်မဟုတ်ပါဘူး အားလုံးကိုသိစေချင်လို့ပါ မိမိအတွက် အရေးပါသော Account တွေ

ကို အချိန်ကုန်သက်သာ လွယ်ကူစွာ chatting ပြုလုပ်နိုင်ရန် Knowledge လေးတစ်ခုသာပေးလိုက်တာပါ

ကဲပထမဦးစွာ မိမိ Gtalk account ကို Sign in ကိုဝင်ထားပေးပါ ပြီးရင်တော့ အောက်ကအတိုင်း

လိုက်လုပ်ပေးပါ

Desktop ပေါ်ကို Right Click ထောက်ပေးပါ

ပြီးရင် New -->Short cut ပေါ့ဗျာ အောက်ကပုံအတိုင်းပေါ့


ပြီးရင် အောက်ကလိုပုံရလာလိမ့်မယ်

အဲ့ပုံထဲမှာ စာရိုက်ထားတဲ့ အတိုင်းကို ရိုက်လိုက်ပါ ကိုကိုပျင်းတို့ကမရိုက်ချင်ရင်အောက်မှာ Copy

လုပ်လိုက်ပါ

gtalk:chat?jid=username@gmail.com

ဒီမှာ သတိပြုသင့်တာက Username@gmail.com နေရာမှာ မိမိနဲ့ စကားပြောဖို့ အဆင်သင့်ထား

ချင်သူရဲ့အကောင့်နာမည်ပါ အောက်ကုတ်ကိုဥပမာကြည့်ပါ

gtalk:chat?jid=kaungkaung@gmail.com

လိုပေါ့ဗျာ ဒါဆိုရင် ကောင်းကောင်းကို ShortCut ထဲထည့်ထားလိုက်တာဖြစ်ပါတယ် ပြီးရင်



ဒီလိုပေါ်လာပါလိမ့်မယ် ဒါကတော့ ကိုယ်ပြောချင်တဲ့သူကို Rename လုပ်လိုက်တဲ့သဘောပါ

အခု kaungkaung ကို အရေးကြီးတဲ့အကောင့်မို့လို့ ကျွန်တော်ကတော့ kaungkaung လို့ရိုက်ထည့်လိုက်

ပါတယ် နာမည်ရိုက်ပြီးရင် Finish ကိုနှိပ်လိုက်ပါ အောက်ကလိုပုံမျိုးလေး

kaungkaung ဆိုတာတော့ပေါ်နေလိမ့်မယ်


ကဲ အဲ့ဒါလေးကို ကလစ်လိုက်ရင် ခါတိုင်း ကိုယ် chat မည့်သူ့ကို ကလစ်သည့်အတိုင်းပါပဲ

chat ဖို့အတွက် ကောင်းကောင်းအကောင့်က သင့်မှာ invite လုပ်ပြီးသားဆိုရင် chat ဖို့အဆင်သင့်

ဖြစ်နေပါလိမ့်မယ် ပြီးရင်တော့ ခါတိုင်း chat သလို chat ပေါ့ဗျာ အချိန်မရွေးသူနဲ့ chat ချင်ရင်

သူ့ Account ကို အဲ့လိုလေးလုပ်ပေးထားတာက အချိန်ကုန်သက်သာ ပြီး ရှာရလွယ်ပါလိမ့်မယ်

ဒီနည်းက Gtalk account ကို ဒီလို ပဲ chat သင့်တယ်လို့ပြောတာ မဟုတ်ပါဘူး ဒီလိုလဲလုပ်လို့ ရသေးပါတယ်

ဆိုတာကို ပြောတာပါ
အားလုံးပျော်ရွှင်ပါစေ.......


NaungKhantThu

1 comments:

ကျေးဇူးတင်ပါတယ်ဗျာ

Post a Comment

မြန်မာ အိုင်တီ မြို့တော် သို့ ၀င်ရောက်အားပေး သူများကို အထူးကျေးဇူးတင်ပါသည်။

FB comments