Friday, May 25, 2012

ကိုယ်ပိုင် Memory Stick တွေမှာ စိတ်ကြိုက် icon သုံးမယ်

ဒီနည်းလေးက တော်တော်လေးလည်းလွယ်တယ်၊ လူတိုင်းလည်း သဘောကျမယ်လို့ထင်ပါတယ်။ ပထမဆုံး ကိုယ်အသုံးပြုချင်တဲ့ စိတ်ကြိုက် icon လေးကိုရှာပြီး ကိုယ့် Stick ထဲမှာ သိမ်းလိုက်ပါ။ ပုံတွေလိုချင်ရင်တော့ Google မှာ ".ico freedownload" ဆိုပြီး လိုချင်တဲ့ပုံတွေ ရှာရင်ရှာ၊ "convert to ico" လို့ရှာပြီး ကိုယ့်မှာရှိတဲ့ပုံတွေကို "ico format" ပြောင်းပေးမယ်ဆိုက်မှာ သွားပြောင်းပြီး သုံးချင်သုံးပေါ့။ အဓိက ကတော့ "icon" ပုံလေး "Stick" ထဲမှာမှတ်လိုက်ဖို့ပါပဲ။ ပုံသိမ်းပြီးသွားပြီဆိုရင် Autorun ဖိုင်တခုလုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါလည်းလွယ်ပါတယ်။ Memory Stick ထဲမှာ text file လေးတခု တည်ဆောက်လိုက်ပြီး အောက်မှာ ပြထားသလိုရေးလိုက်ပါ။ icon.ico ဆိုတဲ့နေရာမှာတော့ ကိုယ်ကိုတိုင်ရှာပြီးသိမ်းထားတဲ့ ပုံရဲ့နာမည်ကို ပေးရပါ့မယ်။


ပြီးရင် ဖိုင်ကို "Autorun.inf" ဆိုတဲ့ နာမည်နဲ့ မှတ်လိုက်ပါ။ ဒါဆိုရင် ကိုယ့် Stick လေးက ကိုယ့်စိတ်ကြိုက်ပုံလေး မြင်ရဖို့ အဆင်သင့်ဖြစ်သွားပါပြီ။ My Computer ထဲမှာ ဝင်ကြည့်လိုက်ပါ။


အားလုံးပျော်ရွှင်ကြပါစေ။

3 comments:

autorun.inf ကဗိုင်းရစ်လည်းပြောသေးတယ်။ :( ။အဲ့ကောင်က အမြဲပါလာတာ Memory Stick ကိုထိုးလို့ကတော့။

autorun.inf ဆိုတိုင်း Virus မဟုတ်ပါဘူးအစ်ကို..notepad မှာ ဘားမှမရေးဘဲနဲ့လည်း
autorun.inf ဆိုပြီးတော့ အမည်ပေးလိုက်နိုင်ပါတယ်..Autorun Killer , Antivirus တွေကိုယ်တိုင်ကိုက autorun.inf ဆိုတဲ့နာမည်ကိုတွေ့ရင် သတ်ပစ်ဖို့..ဖျက်ပစ်ဖို့
Programmer တွေက အမိန့်ပေးထားတာပါ..ဒါကြောင့် တစ်ခုသိထားစေချင်တာက autorun.inf ဆိုတိုင်း Virus မဟုတ်ပါ။

ညီလေး Ithelper ဖြေထားသလိုပါပဲ။ Autorun.inf တိုင်းက Virus မဟုတ်ပါဘူး။ ဒါပေမယ့် Antivirus တွေက Autorun.inf ဆို သတ်ပြစ်လေ့ရှိကြပါတယ်။ ဒါကလည်း hacker တွေ အများစုက သူတို့သုံးတဲ့ exe file တွေက သူ့အလိုလို ထပြီးအလုပ်မလုပ်နိုင်ကြလို့ Autorun.inf နဲ့ တွဲသုံးကြလို့ပါ

Post a Comment

မြန်မာ အိုင်တီ မြို့တော် သို့ ၀င်ရောက်အားပေး သူများကို အထူးကျေးဇူးတင်ပါသည်။

FB comments