Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Friday, October 18, 2013

Facebook အကောင့်ဖွင့်နည်း (ဖုန်းနံပါတ်မလို ၊ ဖုန်းပေါ်တွင်ဖွင့်စရာမလို 10000% ရတယ်)

ခုကျွန်တော်ပြန် share ထားတဲ့ နောက်ထပ်လုပ်နည်းလေးပါ။ ထောက်ခံမှုအများဆုံးရလို့ Ebook အဖြစ်ပြန်ရေးပြီး share လိုက်ပါတယ်။ နည်းက အရမ်းလည်းလွယ်ပါတယ်။ ဖုန်းနံပါတ်မလိုဘူး ဆိုတာကို အာမခံပါတယ်။ အကယ်လို့ ဒီနည်းကအဆင်မပြေခဲ့ရင်တော့ ဒီနည်းတွေ ကိုရှာပြီး ဖတ်ကြည့်ပေါ့။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2 / Link 3

Facebook အကောင့်အလွယ်ဆုံးဖောက်နည်း ဘာဆော့ဝ်လ်မှမလို (10000% working, အကောင့်လည်းမပျောက်, အရမ်းလည်းလွယ်တယ်)

Facebook အကောင့်ဖောက်နည်း ကွန်ပျူတာပေါ်မှာ ဖောက်နည်းလေးပါ။ အသစ်ဖောက်ရတာ အင်မတန်မှလွယ်ကူသလို နောက်ဆက်တွဲတွေမဖြစ်ပါဘူး။ ကျွန်တော်လည်း ဖောက်ကြည့်တာ အဆင်ပြေလို့ပြန် share လိုက်ပါ။ အဆင်မပြေရင် ကျွန်တော့်ဆိုဒ်ထဲက တခြား ebook တွေကို ၀င်ဖတ်ကြည့်ပါ။ တခြားနည်းတွေရှိပါသေးတယ်။ ဒါကြောင့် မမေးပါနဲ့လို့ ပြောချင်တာပါ။ အဆင်မပြေရင် ဒီနည်းတွေ ကိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။

Download => Link 1 / Link 2 / Link 3 / Link 4
www.pthaw.blogspot.com

Friday, October 4, 2013

မြန်မာဖောင့်မရှိသော Android ဖုန်းမှာ Facebook ကိုမြန်မာလိုသုံးလို့ရပြီတဲ့...

iOS အတွက် ဒီမှာ တင်ပေးခဲ့ဖူးပါပြီ။ ခု Android အတွက်ပါ။ မြန်မာဖောင့်မထည့်ချင်ဘူး ၊ မရပါဘူး ဆိုတဲ့ ကိုကိုမမကြီအတွက် iMyanmar FB ဖြစ်ပါတယ်။ rating က 4.4 မှာရှိပါတယ်။ လူလည်းအသုံးများပါတယ်ဗျာ။ version 1.0 ဖြစ်ပြီး ခုလိုသုံးရတာ တကယ့် Facebook application လိုလွယ်ပါတယ်ဗျာ။ http://adf.ly/WvU5c မှာပိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။


Description


Myanmar Facebook and Gmail browser
iMyanmar FB - screenshot

iMyanmar FB - screenshot

Download => Link 1 / Link 2 / Link 3

Sunday, September 22, 2013

Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း 50+)

ဒီတစ်ခါတော့ ကျွန်တော်နိုင်ငံခြားဆိုက်ကနေ သမလာပါတယ်။ ခေါင်းစဉ်ကတော့ 50 Powerful Facebook Tips ပါ။ ဒေါင်းလုတ်ဆွဲရတာခက်ခဲတဲ့အတွက် ကျွန်တော် ကိုယ်တိုင်ပြန်ဆွဲပြီး share ပေးထားပါတယ်။ စာမျက်နှာက စုစုပေါင်း ၅၅ရွက်ရှိပါတယ်။ ရေးသားသူက Garin Kilpatrick ပါ။ English လိုရေးထားတာဖြစ်ပါတယ်။ ကဲ။ အောက်ပါအတိုင်းဒေါင်းလုတ်ဆွဲကြပါဦးစို့ဗျာ။


Saturday, August 24, 2013

Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [မြန်မာလို Ebook]

gif animated လှုပ်ရွလှုပ်ရွပုံတွေကို Facebook တင်လို့မရတာအမှန်မဟုတ်လား။ တင်ဖူးသမျှလူတွေလည်း သိကြမှာပါ။ လက်တည့်စမ်းဖူးမှာပါ။ သို့ပေမယ့် မလုပ်ဖူးတဲ့သူတွေလည်း လုပ်ဖူးချင်တယ်မလား။ Software မလိုအပ်ဘဲ ရစေရပါလိမ့်မယ်။ အဟဲ။ ပိုသိချင်ရင်တော့ အောက်က Ebook လေးကိုသာ ဒေါင်းလုတ်ဆွဲပြီး ဖတ်စေ။ :) Ebook က YGNBlogger ရေးသားထားတာဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံးနှစ်သက်ပြီး အဆင်ပြေပါတယ်ဆိုရင်တော့ တခြားအသိမိတ်ဆွေတွေကိုလည်း ကြွားလိုက်ဦးနော်။

Download => Link 1 / Link 2

Sunday, August 4, 2013

Facebook မှာ ဘယ်သူ ကိုယ့်ကို Unfriend လုပ်ထားလဲ သိအောင် လုပ်နည်း..




အားလုံး မင်္ဂလာပါ... ကျွန်တော်နောင်ခန့်သူပါ.....

တစ်ခု လောက်ပြောချင်ပါတယ်... ကျွန်တော့် ပို့စ်တွေကို လွတ်လွတ်လပ်လပ် ကူးယူခွင့် ပြုပါတယ်..

Credit/Ref Link တွေ ပေးစရာမလိုပါဘူး.. ကျွန်တော့် နာမည် လေးတစ်ခုတော့ ထည့်ပေးဖို့

ကြိုတင်တောင်းဆိုပါရစေ......

ဒီပို့စ်ကတော့ အဟောင်းလေးပါပဲ ... အခု မှ ပြန်သတိရလို့ ပြန်တင်ပေးလိုက်ပါတယ်...

ကဲ ဒီပို့စ် အတွက် လိုအပ်တာကတော့ Google Chrome Browser တစ်ခုထဲပါပဲ...

လိုင်းမကောင်းလို့ Mini Post လေးတွေ ပဲတင်နိုင်သေးလို့ စိတ်မကောင်းပါဘူး...

ကဲ စကားများမနေတော့ပါဘူး... စလိုက်ရအောင် ...


  • မိမိရဲ့ Google Chrome Browser ထဲမှာ ... အောက်က အနီနဲ့ လင့်ကို Copy ကူးပြီး Paste လိုက်ပါ..
  • https://chrome.google.com/webstore/detail/unfriend-alerts/lgbeldbnadmemecalekdfnffgobkpafc
ပြီးရင် အောက်က ပုံလို မြင်ရပါမယ်...


ကဲ ပုံမှာ မြင်တဲ့ အတိုင်းပဲ Add To Chrome ကိုနှိပ်ပေးပါ......

အောက်လို ပုံလေးပေါ်လာရင် Add ကိုထပ်နှိပ်....



အောက်ပုံကိုကြည့်ပါ ... Checking လို့ပြနေပါလိမ့်မယ်... ထားလိုက်ပါ.. ဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး..
 


ကဲအောက်က ပုံလို အစိမ်းရောင် ခလုတ်ကလေးနဲ့ Added To Chrome ဆိုတာ တွေ့လားမသိဘူး..


ဒါဆိုရပါပြီ ... facebook ကိုပြန်ဝင်လိုက်ပါ.. အောက်ကလို မျိုးလေး ပေါ်နေပါလိမ့်မယ်....


 Okay ကိုနှိပ်ပေးပါ... အောက် မှာပြပေးထားတဲ့ ပုံလို လေးပေါ်လာရင်တော့ ရပါပြီ....


 Facebook ကိုပြန်ဝင်လိုက်ပါ... Notification Bar လေးမှာ အောက်မှာ ခရမ်းရောင်လေးနဲ့ ဝိုင်းပြထားသလို

ပုံလေး ပေါ်လာပါလိမ့်မယ်..


 ကဲ ပုံလေးကိုကြည့်လိုက်ပါ... ကြည့်ပြီးရင်တော့ နှိပ်လိုက်ပါ....

 အောက်က ပုံကိုထပ်ကြည့်လိုက်ပါဦး.... ဟော သူငယ်ချင်း တွေ အကုန်ပေါ်လာပြီ...

ကျွန်တော့် ဘက်က Connection ကတော့ ပုံမပေါ်ဘူးဗျ.. :)



အဲ့ဒီ့မှာ Check All ကိုနှိပ်လိုက်ပါဦး...... ကိုယ့်ကို ဘယ်သူမှ Unfriend မလုပ်ထားဘူးဆိုရင် Checked လို့

အမှန်ခြစ်ကလေးပဲ ပြနေပါလိမ့်မယ်...

Unfriend လုပ်ထားပြီဆိုရင်တော့ အောက်က ပုံလိုမျိုး Refriend လို့ပြနေပါလိမ့်မယ်......

ဒီလိုဆိုရင် ကိုယ့်ကို Unfriend လုပ်သွားတဲ့ မောင်မင်းကြီးသားကိုမြင်ရပြီပေါ့...

ပုံထဲက ဟာကတော့ ကျွန်တော့် Account ပါ....



ကဲ ဒီလောက်ဆို အားလုံးသဘောပေါက်ကြမယ်ထင်ပါတယ်... အားလုံးနားလည်အောင်...

အများနားလည်မယ့် စကားနဲ့ပဲ ရှင်းပြပေးထားပါတယ်..

အားလုံးအဆင်ပြေပါစေ....

ကျွန်တော်နှင့် ဆက်သွယ်လိုပါက ...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့တွင် လာရောက် ဆက်သွယ်နိုင်ပါတယ်...

ကျေးဇူးတင်ပါတယ်...

Password များကို Script or Software မသုံးဘဲ Facebook ပေါ်တွင် ကြည့်ပြခြင်း...


မင်္ဂလာပါ.. ကျွန်တော် နောင်ခန့်သူပါ.....

ဒီနေ့ ကတော့ မသိတဲ့ သူတွေ အဖို့လန်းတယ်လို့ ပြောလို့ ရတဲ့ နည်းလမ်းလေးကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်..... ဘာမှတော့ မဟုတ်ပါဘူး.....

ဒီနည်းကတော့ သတိမမူ ဂူမမြင် ကြလို့ မသိကြတာဖြစ်ပါတယ်... သိတဲ့သူတွေ တော့ ကျွန်တော်

ဘာမှ မပြောပါဘူး... PRO ကြီးတွေကတော့ ထက်ခနဲ ဆိုတန်းတော့ သိကြတာပေါ့ဗျာ..



ကျွန်တော် အခု ပြသပေးမှာကတော့

အခြေခံ နားလည်ရင် သိနိုင်တဲ့နည်းလမ်းလေးပါ...Code လေးနည်းနည်းဆွတာလို့လည်းပြောလို့ရပါတယ်...

Coding Theory လေးကို အသုံးချခြင်းပဲ ဖြစ်ပါတယ်.....

Web Page တွေ ပေါ်မှာ... Password ကြည့်တဲ့ Software တွေ Script တွေ အလုပ်ရှုပ်ခံ

မသုံးဘဲနဲ့ ရိုးစင်းသောနည်းလမ်းလေးနဲ့ ... Password တွေကို စာသားအဖြစ်ကြည့်ရှု တဲ့ နည်းလမ်းလေးပါ..

တကယ်လို့ သူငယ်ချင်းတစ်ယောက်ယောက်က Password ရိုက်နေရင်း...  တစ်ယောက်ယောက်လှမ်းခေါ်လို့

ထသွားတဲ့ အခါမျိုးတို့မှာ ကိုယ်က သူ့ Password ကို Hack နိုင်ပါတယ်.... Password ကြည့်ရတာပါပဲ...

ကဲ စကြရအောင်....

သာမန်အားဖြင့် Facebook လို Social website တစ်ခုကို ဝင်တဲ့ အခါ အောက်ပါအတိုင်း

Username နဲ့ Password ကို ရိုက်ရတာတော့ လူတိုင်းသိကြမှာပါ....

အောက်က ပုံကိုကြည့်ပါ... Password ကို အလုံးလေးတွေနဲ့ မြင်ရမှာပါ.....




ကဲ ... အောက်က ပုံလို သူ့ကို Right Click ပေးပြီး ကြည့်လိုက်ပါ.......


 ပြီးရင် Inspect Element(Q) ဆိုတာလေး နှိပ်လိုက်ပါ....


 အောက်ကပုံလို အောက်ခြေနားလေးမှာ Box ကျယ်ကျယ်လေး တက်လာပါမယ်....

အဲ့ထဲ က Box လေးကိုအနီးကပ် ပြပါမယ်...





အဲ့လိုကြည့်လိုက်တဲ့ အခါမှာ.....

အောက်မှာ Select လုပ်ပြီးသား... Statement တစ်ခုကို တွေ့ကြပါလိမ့်မယ်....





 အဲ့ဒီ့မှာ .... Type='password' ဆိုတာလေးကို နှစ်ချက် Click (Double Click) ပေးလိုက်ပါ....

အောက်ကလို ဖြစ်သွားပါမယ်....



အဲ့ဒီ့ ပုံမှာ Password ဆိုတာ လေးပေါ့.... အဲ့ဒါကို ဖျက်ပြီးတော့ အောက်ဖော်ပြပါ ပုံလေးလို text လို့

သစ္စာရှိရှိရိုက်ပေးလိုက်ပါ... :P

 


ကဲအထက်ပါ အဆင့်တွေ အားလုံးပြီးဆုံးရင်တော့ .......

အောက်က ပုံကိုကြည့်လိုက်ပါ.... Password တွေကို အလုံးလေးတွေ နဲ့ မမြင်ရတော့ပဲနဲ့ စာသားနဲ့ မြင်ရ

ပါပြီ....



အားလုံး ဗဟုသုတ တိုးပွားနိုင်ကြပါစေ... ဒါနဲ့ တစ်ခုပြောရဦးမယ်... အောက်ဆုံး က ခရမ်းရောင်စာသား

က ကျွန်တော် ရေးတာ မဟုတ်ဘူးနော်...  Admin ချုပ်ကြီးရေးထားတာ.. :P

ကြုံတုန်း သူ့ကိုစတာ... :P

ကဲကဲ အားလုံး  အဆင်ပြေကြပါစေ.....

ကျွန်တော် နဲ့ တိုက်ရိုက်ပြောလိုပါက....

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay တို့ တွင် လာရောက် မေးမြန်းအကြံပြုနိုင်ပါတယ်...

အားလုံးပျော်ရွှင်နိုင်ကြပါစေ..

(နောင်ခန့်သူ)

Click တစ်ချက်တည်းနဲ့ မိမိ FAN page ကို မိမိ Friend အားလုံးကို ခေါ်မယ်(On facebook)






ဒီ Post လေးကတော့ FB မှာ FAN page ရှိတဲ့ သူများအတွက်ပေါ့...

တစ်ယောက်ချင်း Invite လိုက်လုပ်နေရလို့ဆိုပြီး စိတ်မညစ်ကြပါနဲ့....

အခု ပဲဖြေရှင်းနည်းလေး တင်ပေးလိုက်ပါပြီ....

မိမိ FAN Page ရဲ့ အပေါ်ဆုံးနားက Build Audience ကို နှိပ်လိုက်ပါ....

ပြီးရင် ပေါ်လာတဲ့ List ထဲမှာ... Invite Friends ကိုနှိပ်ပေးပါ.....

ဇယား ကွက်ကလေးတွေနဲ့ Friends နာမည်နဲ့ အမှန်ခြစ်စရာ အကွက်လေးတွေ ပေါ်လာပါလိမ့်မယ်


သင်သုံးနေတဲ့ Browser က Mozilla Firefox မှာဆိုရင် Ctrl+Shift+K နှိပ်ပါ.........

ပြီးရင် ပေါ်လာတဲ့ အကွက်လေးထဲမှာ... စာရိုက်စရာလေးပေါ့ အောက်မှာ Screen Shot ကြည့်ပါ...


Google Chrome သမားများအတွက်ကတော့ Ctrl+Shift+J ပါ...

ပြီးရင် ပေါ်လာတဲ့ အကွက်လေးထဲမှာ... စာရိုက်စရာလေးပေါ့ အောက်မှာ Screen Shot ကြည့်ပါ...





ရပြီ ဒါဆို အောက်က Code ကိုကူးပြီး အဲ့ ဒီ့ နေရာကို ကူးသာထည့်ပြီး Enter ခေါက်လိုက်တော့

javascript:elms=document.getElementsByName("checkableitems[]");for (i=0;i<elms.length;i++){if (elms[i].type="checkbox" )elms[i].click()};

 Code လေးကူးထည့်ပေးလိုက်ရင် Friends တွေ အကုန်လုံးကို အောက်က ပုံလို အမှန်ခြစ်ပြီးသားဖြစ်သွားပါမယ်....


ပြီးတာနဲ့ Submit ကိုနှိပ်ပေးလိုက်ပါ.... အားလုံးအိုကေသွားပါပြီ...

တကယ်လို့များ ကျွန်တော်နဲ့ တိုက်ရိုက်ပြောချင်တယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

မှာ လာရောက်ဆွေးနွေးပြောဆိုနိုင်ပါတယ်....

Facebook မှာ Click တစ်ချက်တည်းနဲ့ Friend များအောင် လုပ်ပေးမယ်...(သို့မဟုတ်) Suggest လုပ်ပေးမယ်...




 မင်္ဂလာပါ ကျွန်တော် နောင်ခန့်သူပါ......

ဒီနေ့တော့ Facebook မှာ Friend များချင်လှ ပါသတဲ့ ဆိုတဲ့ ညီအစ်ကို မောင်နှမ များအတွက်

နည်းလမ်းကောင်းလေးပြောပြပေးလိုက်ပါမယ်.. Facebook ပေါ်မှာ Friend များချင်တယ်ဆိုရင် ကိုယ်က

Add မှ ဗျ... ဒါပေမယ့် ကိုယ့်အကောင့် က Block ခံရနိုင်တယ်လေ... 7ရက်တို့ 14 ရက်တို့....

တချို့ဆို ရက်သုံးဆယ်တောင်.....

အဲ့လောက်ဖြစ်သွားတော့ ဘာလုပ်တော့မှာလဲ ဗျာ... မဟုတ်ဘူးလာ.း...

ကိုယ်က နေ လိုက် Add ရင် အယောက် 50 လောက် Add ရမှာ သူများတွေက ကိုယ့်ကိုယ် Add ရင်

တစ်ယောက်ကို တစ်ချက်ပဲ နှိပ်ရမှာ....

ဘယ်နည်းလမ်းကြိုက်မလဲ...????

လွယ်တာနဲ့ နည်းတာပဲ ရွေးမှာပေါ့... ဒီတော့ ဘယ်လိုလုပ်မလဲ....

Friend များချင်တယ်ဆိုတဲ့ သူများကတော့ မိမိရဲ့ သူငယ်ချင်းတွေကို အကူအညီတောင်း Suggest Friend

လုပ်ခိုင်း... စိတ်ချ ကိုယ်က Add စရာမလိုဘူး... သူများက လာ Add ပါလိမ့်မယ်..

မမြင်ရင်တော့ လာ Add မှာ မဟုတ်ဘူးပေါ့ဗျာ.. :P

ကဲ Suggest လုပ်တဲ့ သူတွေက တစ်ယောက်ချင်းလိုက်လုပ်နေရတော့ ပင်ပန်းတယ်....

ပင်ပန်းတယ် ထင်ရင် ... Click တစ်ချက်တည်းနဲ့ Suggestion တွေ ပြီးအောင် ပွဲသိမ်းကြရအောင်ဗျာ...

စမယ်...

အရင်ဆုံး... Grease Monkey ဆိုတဲ့ Firefox Extension လေးကို ဒီနေရာကနေ Install လုပ်ပါ....

Download ဆိုတာ နှိပ်လို့ပြောတာပါ...



ပြီးရင် အောက်ကပုံထဲကလို Allow တွေ ဘာတွေ ပေါ်လာရင် ကောက်ပေး... အဲလေ နှိပ်ပေးလိုက်ပါ....

မြားလေးကို မနှိပ်ပါနဲ့ စာသားကိုနှိပ်ပါ...


အောက်က လို Grease Monkey လေးကို Install လုပ်မယ့် Box လေးတက်လာပါမယ်...


 Install Now ကို နှိပ်ပေးပါ.... ပြီးရင် အောက်ပုံကိုကြည့်ပါ...


Restart Now ကို နှိပ်ပေးပါ... မြားလေးကို မနှိပ်ပါနဲ့ စာသားကိုနှိပ်ပါ...

ပြီးရင် Firefox ကြီး ပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မည်.... ခေတ္တစောင့်ပြီး....

အောက်က Download Here လေးကို ကလစ်ပေးပါ......



အဲ့ဒီ့မှာ ... အောက်က ပုံအတိုင်း Install လုပ်ပေးပါ.... သဘောကတော့ Grease Monkey ထဲကို

JS Script File လေးထည့်ခြင်းပဲဖြစ်ပါတယ်....



အောက်ပုံအတိုင်း သူစကားများတာကို ဂရုမစိုက်ဘဲနဲ့  OK လေးကို နှိပ်ပေးလိုက်ပါ....
 

ရပြီ အခုဆို သင်လုပ်စရာရှိတာကိုအောက်မှာ ဆက်ဖတ်ကြည့်ပေးပါ...

ကဲ သင့် Facebook ကြီးကိုဖွင့်  Suggest လုပ်ပေးချင်နေတဲ့ Friend ကို  ဝင်လိုက်.... အောက်က

ပုံကိုကြည့်ပါ....


အဲ့ဒီ့ ပုံမှာ ကျွန်တော် ပြထားတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်... Friend တစ်ယောက်ချင်းကို

Suggest လုပ်ပေးစရာမလိုတော့ဘဲနဲ့ Auto Suggest လုပ်ပေးသွားပါလိမ့်မယ်...

အားလုံးပြီးဆုံးပါပြီ.....အခုဆို
ရပြီဗျို့ ... ထက ပေတော့ ... အဲ ကပြီးရင် ပြန်ထိုင်နော်... ဘေးနားက လူတွေက အရူးထင်ပြီး

ရွာသာကြီးပို့နေဦးမယ်. :P

ကျွန်တော့်ကို လာရောက်တောင်းဆို ကြတဲ့ သူတွေက Facebook Lock ကျတာတွေ ချည်းပါပဲ..

ဒါကြောင့်  ကျွန်တော် အဲ့ ဒီ့ ပြဿနာကို အဖြေရှာပေးပြီး အဆင်ပြေတာနဲ့

ပို့စ်ချက်ချင်း တင်ပေးမှာပါ.....

တစ်ခုပြီးမှ တစ်ခု လုပ်ပေးနိုင်မှာပါ.... ကျွန်တော့ ဦးနှောက်ကလည်း စက်ရုပ်ဦးနှောက် မဟုတ်လို့ပါ.. :P

ကဲ အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျာ...


တကယ်လို့ များ ကျွန်တော်နဲ့ တိုက်ရိုက်ပြောချင်တယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

ကိုဆက်သွယ်ပါ ဖုန်းနံပါတ်ကတော့ ဒီမှာ မရေးပေးပါဘူး....

ဆက်ပြီးတော့ စိတ်အနှောက်အယှက် ဖြစ်မယ့် စကားတွေ ဆဲဆိုသံတွေ ကိုကြောက်မိလို့ပါ....

ဒီနေ့တော့ ဒီလောက်ပါပဲ .....

အားလုံးပျော်ရွှင်ပါစေ.....

တခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း....(On Facebook) ..

မင်္ဂလာပါ.. ကျွန်တော်ကတော့ နောင်ခန့်သူပါ.... ဒီနေ့တော့ ကျွန်တော်ပြောပြပေးမှာက...

Facebook မှာ မိမိကို Fri Request ပို့ရင် သက်ဆိုင်သူတွေပဲ ပို့ လို့ရအောင်...လုပ်ကြပါမယ်...




 ဒါကတော့ လူတိုင်းလိုလို သိကြမှာပါ .. မသိတဲ့ သူတွေ ရှိသေးလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်...

Facebook Privacy နဲ့ပတ်သက်တဲ့ Instructions တွေ လိုက်ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်...

အခု နည်းလေးပဲ ကျွန်တော် ပြောပြပေးလိုက်ပါမယ်...

အားလုံးပဲ ကျွန်တော့် ကိုပို့စ်တင်ပါလို့ အရမ်းတိုက်တွန်းနေတဲ့ အကိုအစ်မမောင်နှမ များအားလုံးခင်ဗျာ..

အခု ကျွန်တော် (နောင်ခန့်သူ) အင်တာနက် လိုင်း အတက်အကျ ပြဿနာကြီးကို ရင်ဆိုင်နေရပါသဖြင့်..

အရင် ပြောထားတဲ့ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးနိုင်သေးမှာ မဟုတ်လို့ တောင်းပန်ပါတယ်...

ဒီတစ်ပတ်ကျော်သွားရင် ဒီဒုက္ခတွေ ကင်းဝေးသွားမယ်ထင်ပါတယ်...

ကဲကဲ ကျွန်တော် လေကြောရှည်နေပြီ ထင်ပါတယ်... အခုနည်းလေးကို စလိုက်ကြရအောင်ဗျာ...

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

အောက်မှာ Mobile User တွေ အတွက်ပါ..

အောက်မှာပြပေးထားတဲ့ ပုံလေးအတိုင်း မျဉ်းသုံးကြောင်းပုံလေးကို Tap လိုက်ပါ...


 Settings & Privacy ကို ထပ် Tap ပါ...



 Privacy ကိုဝင်ပါ...အောက်မှာပုံပြပေးထားပါတယ်...



Who can send you friend requests? ကိုဝင်ပါ...



အောက်ကအတိုင်း Friends of Friends ကို Tap လိုက်ပါ... ထိလိုက်ပါ... ရပါပြီ..


ကဲ အားလုံးအောင်မြင်ပြီးဆုံးပါပြီ...

ကျွန်တော် တို့ နည်းပညာသမားတွေ အခု ရက်ပိုင်း တော်တော်ကို ဒုက္ခတွေ့နေကြပါတယ်...

Facebook တို့ Gtalk တို့နဲ့ ပတ်သက်ရင် PC သမားအတွက်ရော ဖုန်းသမားတွေ အတွက်ပါ..

တင်ပေးရမလိုဖြစ်နေပါတယ်.. တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် PC အတွက်သာ ပြောပြမိခဲ့ ပါလျှင်

မိမိ ဥာဏ်ရှိသလို ချဲ့ထွင်ပြီး Phone အတွက်ပါ နည်းလမ်း ရပါအောင် တွေးပေးကြပါလို့ တောင်းပန်ချင်ပါတယ်...

နောက်တစ်ခုပြောချင်တာကတော့ နေရာတိုင်းမှာ ဟာကွက်ရှိပါတယ်.. မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါ

ဘူး...

Blacklist Pro ထွင်ခဲ့ တဲ့သူက သူများသူ့ကို Blacklist နဲ့ ပြန်တွယ်မှာ လန့်ပြီး သူမခံရအောင် ဟာကွက်ထား

မှာပါပဲ...

ပြီးတော့ Facebook မှာ Fri Request တွေ Block မခံရအောင် လို့ လုပ်နိုင်တဲ့ သူတွေ လည်းရှိတာပေါ့ဗျာ...

(ကျွန်တော်တော့ မလုပ်နိုင်သေးပါဘူး.. :P)

နောက်ပြီး တခြားသော ပညာရှင်တွေ အကုန်လည်း ဟာကွက်တွေ ထားပါသေးတယ်.. ကျွန်တော် ဥပမာ အနေနဲ့ ပြောပြတာပါ....

ဒါကြောင့် အကြောင်းအရာ တစ်ခုခုကို လေ့လာတော့မည် ဆိုလျှင် ဦးနှောက်သုံး စဉ်းစားကြပါလို့

ထပ်ပြောချင်လို့ ပြောပြလိုက်ပါသည်.....

နားပါဦးမည်..

IT နှင့် ပတ်သက်၍ ကျွန်တော်နှင့် ဆွေးနွေးလိုပါက...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay
တို့တွင် လာရောက် ဆွေးနွေးနိုင်ပါတယ်...

အားလုံးကိုကျေးဇူးတင်ပါတယ်...

နောင်ခန့်သူ

Saturday, July 6, 2013

Facebook Lock ကျနေသူများအတွက် ဖြေရှင်းနည်း

http://www.kreativbuero.de/wp-content/uploads/2011/01/fb_lock-296x300.png

ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်


Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းပါတယ်
ဖုန်းနံပါတ်ထည့်လဲပြန်မပို့ပါဘူး
အရင်ကဆိုရင် ဒီလိုမတောင်းပါဘူး
အခု Facebook ကနေပြီးတော့ Security ထက်မြင့်လိုက်တာဘဲဖြစ်ပါတယ်
အခုဟာက Facebook ကဖုန်းနံပါတ်တောင်းတယ်
ပြီးရင် massage ပြန်မပို့ပါဘူး
တကယ်လို့ ပြန်မပို့ဘူးဆိုရင် ကိုယ့်အကောင့်တော့
သွားပါပီ သုံးမရတော့ပါဘူး တော်တော်လေးကို စိတ်ညစ်ရပါမယ်
ဒီတိုင်း လွတ်ပစ်ရတော့မယ် နောက်တစ်ခုထက်ဖွင့်ရတော့မယ်
စိတ်ညစ်တာပေါ့ဗျာ ကဲ ကျွန်တော်လဲ မေးတဲ့လူ ပလူပြန်နေပါတယ် ကျွန်တော်လဲစိတ်တော်တော်လေးကိုညစ်ပါတယ်
မဖြေရှင်းနိုင်လို့ပေါ့ဗျာ

ကဲအခုတော့ဖြေရှင်းနိုင်ပါပြီ

ဒီလို Lock ကျတဲ့အကြောင်းအရင်းကတော့
ကွန်ပျူတာတစ်လုံးမှာ Facebook အကောင့် လေးငါးခုသုံးလို့ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါဖြစ်ဖူးပါတယ်
သူများအကောင့်ကို သွားဟက်တယ် ဟက်လို့လဲရရော်
ကျွန်တော်အရင် အကောင့်က Lock ကျသွားပါတယ်
အရင်တုံးကတော့ပြန်ဖြေရှင်းလို့ရတယ်
အခုနောက်ပိုင်း ဒီလိုဖုန်းနံပါတ်နဲ့ massage ကနေ Code တောင်းလာတာဖြစ်ပါတယ်။
အခုခေတ်မှာ တိုးတက်လာတဲ့အတွက် နိုင်ငံခြားမှာဆိုရင်
လူတိုင်း ကွန်ပျူတာတစ်လုံးစီ နဲ့ ကိုပိုင်သုံးကြပါတယ်
အင်တာနက်ဆိုင်တွေသွားမသုံးကျတော့ပါဘူး
ဒါကြောင့် FB ကနေပြီးတော့ Facebook အကောင့်တစ်ခုကို
ကွန်ပျူတာတစ်လုံးအတွက်သာ သတ်မှတ်လိုက်ပါတယ်
အများဆုံးဖွင့်လို့ရရင် သုံးခုပေါ့။



ကဲအခုတော့
ကျွန်တော်လုပ်နိုင်သွားပါပြီ
ကဲနည်းကိုမြန်မာနိုင်ငံ မှာရှိတဲ့ဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်

ကဲစလိုက်ကြရအောင်

ကဲ Lock ကျနေတဲ့ Facebook ကို ဖွင့်လိုက်ပါ။
ပြီရင် သူတောင်းတဲ့ဟာတွေကိုထည့်လိုက်ပါ
ပြီရင်း ဖုန်နံပါတ်တောင်းပါလိမ့်မယ်





ဖုန်းနံပါတ်တောင်းလာရင်
ပုံတွင်ကြည့်ပါ ကျွန်တော်စမ်းထားတာ တော့အဆင်ပြေပါတယ်
42665 ကို F လို့ရိုက်ပြီး message ပို့လိုက်ပါ။
ပို့နည်း
ဥပမာ
ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ဆီ massage ပို့တယ်ဆိုရင်
အရင် ဦးဆုံးသူဖုန်းနံပါတ်ကိုထဲ့ရပါတယ်
ပြီးမှ ကိုရေးချင်တဲ့အကြောင်းအရာ ကိုရေးပါတယ်။

အခုဟာလဲဒီလိုပါဘဲ
အရင်ဆုံးပို့တဲ့သူရဲ့ ဖုန်းနံပါတ်ကိုထဲ့တဲ့နေရာမှာ 42665
အကြောင်းအရာမှာ F ပေါ့ဗျာ

42665 ဟာ FB ရုံးဖုန်း massage ကိုလက်ခံမဲ့နေရာပါ
ဒါမှ FB ကနေပြီးတော့ Code ပြန်ပို့လာမှာဖြစ်ပါတယ်

12 နာရီအတွင်း message ပြန်ဝင်လာပါလိမ့်မယ်
Message ၀င်ပြီးနောက် အချိန် 6 နာရီအတွင်း မှာဘဲ
Code ပြန်ဝင်လာမှာဖြစ်ပါတယ်
Code ကို ထည့်ပြီးရင် ရပါပြီ
Facebook lock ပွင့်သွားရင် တော့
အရင်တိုင်းဘဲဝင်လို့ရပါပြီး

သတိ
ဖုန်းနံပါတ်တစ်ခုဟာ Facebook အကောင့်တစ်ခုတည်းတာသုံးလို့ရပါတယ်
နှစ်ခုသွားသုံးရင်တော့ Facebook error တက်ပါမယ်

ကဲအဆင်ပြေပါစေနော်
တကယ်လို့အဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ

ကျွန်တော်ကူညီလို့ရပါတယ်။

အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com



FB comments