Showing posts with label Android Technology. Show all posts
Showing posts with label Android Technology. Show all posts

Wednesday, August 7, 2013

Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း (how to root Samsung Galaxy Note 2)

Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း (how to root Samsung Galaxy Note 2)




Samsung Galaxy Note 2 အတွက် Root လုပ်နည်းဖြစ်ပါတယ်။ ဖုန်းကို Root လုပ်ထားမှသာ System file ကိုပြင်ဆင်ပြီးလုပ်ဆောင်ရမယ့် app တွေ ၊ function တွေထည့်သွင်းရာမှာအဆင်ပြေမှာပါ။ ကဲ.. Samsung Galaxy Note 2 ကို root လုပ်ကြည့်ရအောင်။
(၁) Galaxy Note 2 ကို root လုပ်ဖို့အတွက်လိုအပ်တဲ့ root package ကိုအောက်က link မှာအရင် download လုပ်လိုက်ပါ။
Galaxy Note 2 root package အားရယူရန်
(၂) root လုပ်ရာမှာလိုအပ်တဲ့ tool တစ်ခုဖြစ်တဲ့ Odin v3.04 ကိုလည်းရယူလိုက်ပါဦး။
Odin v3.04 အားရယူရန်
(၃) ဖုန်းကို root လုပ်ရာမှာ ကွန်ပျူတာနဲ့ချိတ်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ဖုန်းကိုကွန်ပျူတာက သိနေစေဖို့လိုအပ်တဲ့ driver tool ဖြစ်တဲ့ Samsung USB Driver ကို download ရယူထားပါ။ အောက်က link မှာရယူပါ။
Samsung USB Driver အားရယူရန်
(၄) Samsung USB Driver ကိုကွန်ပျူတာမှာ install လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။
(၅) အဆင့် (၂)မှာ Download လုပ်လို့ရလာတဲ့ Odin zip ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဇစ်ဖြည်လိုက်ပါ။ ဇစ်ဖြည်လို့ရလာတဲ့ဖိုင်ထဲက Odin v3.04.exe ကို
run လိုက်ပါ။
(၆) ဒီအဆင့်မှာတော့ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Volume Down (အသံလျှော့ခလုတ်) + Home ခလုတ် + Power ခလုတ် အဲဒီခလုတ်သုံးခုကိုတစ်ပြိုင်တည်းတွဲနှိပ်ပါ။ ဖုန်းမှာ Warning Screen ပေါ်လာပါလိမ့်မယ်။ Volume up (အသံကျယ်ခလုတ်) ကိုနှိပ်ပြီး Download Mode ထဲကိုဆက်လက်ဝင်ရောက်ပါ။
Samsung-Galaxy-Note-Download mode buttons
(၇) Download Mode ထဲရောက်သွားပြီဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB cable အသုံးပြုပြီးချိတ်ဆက်လိုက်ပါ။
(၈) ကွန်ပျူတာနဲ့ဖုန်းနဲ့ကို usb cable နဲ့ချိတ်ဆက်လိုက်တာနဲ့ ကွန်ပျူတာထဲမှာ run ထားတဲ့ Odin v3.04 ဆော့ဝဲက auto သိပြီး ID:COM အကွက်မှာအစိမ်းရောင်အကွက်လေးပေါ်လာပါလိမ့်မယ်။ အဲဒီလိုမပေါ်ဘူးဆိုရင်တော့ ဖုန်း driver သွင်းတဲ့ step မှာ error တစ်ခုခုရှိခဲ့လို့ ဒါမှမဟုတ် driver မသွင်း၇သေးလို့ပါ။ အစိမ်းရောင်အကွက်မပေါ်ခဲ့ရင် ဖုန်း driver ကိုကွန်ပျူတာမှ သေချာမှန်ကန်စွာသွင်းပြီး အပေါ်က step များကိုပြန်လည်လုပ်ဆောင်ပါ။

(၉)Odin ဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်လေးပါပါတယ်။ အဲဒီခလုတ်လေးဘေးက အကွက်လေးကိုအမှန်ခြစ်ပေးပြီးမှ PDA ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင် ပထမဆုံး အဆင့် (၁) မှာတုန်းက download လုပ်လို့ရခဲ့တဲ့ cwm6-root-note2.tar ဆိုတဲ့ဖိုင်လေးကိုရွေးပေးပါ။ ပြီးရင် Open ကိုနှိပ်ပါ။
 
(၁၀) ပြီးရင်တော့ Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် ဖုန်း screen ပေါ်မှာ Custom Recovery နဲ့ Super User root file များစတင်သွင်းနေတာကိုတွေ့၇ပါမယ်။
 
(၁၁) root & recovery install process ပြီးသွားပြီဆိုရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ Boot ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ application တွေထဲမှာကြည့်လိုက်ပါ။ Android စက်ရုပ်စူပါမင်း icon လေးနဲ့ Super SU ဆော့ဝဲလေးကိုတွေ့၇ပြီဆိုရင်တော့ root process အောင်မြင်ပြီဖြစ်ပါတယ်။

Sunday, August 4, 2013

Android Applications တွေ Uninstall လုပ်လို့ မရရင် ရအောင်လုပ်မယ်..(Uninstaller မလို)




အားလုံး မင်္ဂလာပါ.. ကျွန်တော်က တော့ နောင်ခန့်သူပါ....

ဒီနေ့ ပဲ မနက်ပိုင်းတုန်းက G-talk မှာ ညီငယ်တစ်ယောက်က မေးလာပါတယ်.....

အကိုနောင်ခန့်သူရေ.... ကျွန်တော့် ရဲ့ Andriod Phone မှာတစ်ချို့ Applications တွေ က Uninstall

လုပ်လို့ မရဘူး.... Uninstall not successfully ပဲ ပြနေပါတယ်... အကိုအားရင် Android Apps Uninstaller လေးတင်ပေးပါလား .......တဲ့ဗျာ...

ကဲ ညီငယ်ကို ပြန်ဖြေလိုက်ပါပြီ.. Uninstaller တွေ ဘာတွေ ဘာမှ မလိုပါဘူး....Download လုပ်ရတာပဲ

အချိန်ပုပ်မယ်... မြန်မာပြည် Connection က သိတယ်မလား  :P ... ကဲ ဒီတော့လွယ်လွယ်လေးနဲ့

Uninstall လုပ်နည်းလေး သွားကြရအောင်ဗျာ.... ဒီနည်းကလည်း အားလုံး လိုလို သိကြတဲ့နည်းပါပဲ...

သတိ မမူ ဂူမမြင်လို့နည်းနည်းပါးပါး လေ့လာစူးစမ်းစိတ်မမွေးမြုလို့ မလုပ်တတ်ရတာပဲ ဖြစ်ပါတယ်...

(ရမ်းကလိတာကို ပြောတာမဟုတ်ပါဘူး) :P :P

ကဲ ဒီ ဖြစ်ရပ်မှာ ကျွန်တော် တို့ မြန်မာတွေ ဘာမှားသလဲ ဆိုတော့ ... တွေ့ကရာမြင်ကရာတွေ

ပေါ်ပေါ်လာရင်ရင် No မနှိပ်တတ်တဲ့... Cancel မနှိပ်တတ်တဲ့ အကျင့်ရှိလို့ပါပဲ....

Android OS မှာရှိတဲ့ System device နဲ့ပတ်သက်တဲ့ Application တွေ ဆိုရင်...

Run လို့ရအောင် Device Admin Permission တောင်းပါတယ်.... ကဲ Admin ရေခွင့်ပြုမလားဟေ့

ဆိုပြီးတော့ပေါ့ .. :P

အောက်က ပုံမှာကြည့်ပါ.... ကဲ ဘာမှန်းမသိတော့ Activate လုပ်လိုက်တာပေါ့လေ... ဒါကြောင့် မို့လို့

Application ကို Lock ချထားလိုက်သလို သဘောမျိုးဖြစ်သွားပါတယ်.. ဖျက်လို့လည်းမရ..

Uninstall လည်းလုပ်လို့မရတော့ပါဘူး...


ကဲ ဒီလိုဖြစ်ရင် ဘယ်လို လုပ်မလဲ ..??? လွယ်ပါတယ်... ဆက်ကြည့်လိုက်ပါ...

အရင်ဦးဆုံး Setting ထဲကို သွားလိုက်ပါ...

ကဲ ဝင် ပြီး တဲ့ အခါမှာ....

Location & Security (သို့မဟုတ်) Security ထဲကို ဝင်လိုက်ပါ....... (ကျွန်တော့်မှာက Location သက်

သက်.. Security သက်သက်ပါ...)


 ဒီတော့ Security ထဲပဲ ဝင်လိုက်ပါတယ်.... ပြီးတော့ အောက်ကလို Device Administrator ထဲ

ကို ထပ်ဝင်ပါတယ်....

ကဲ  Device Administrators ထဲမှာ ခဏလောက် ရပ်မယ်....

ဘာလို့လဲ ဆိုတော့ Location & Security တွဲ ထားတဲ့ ဖုန်းပိုင်ရှင်တွေတော့ ကျွန်တော့်ကိုပေါက်ကွဲမှာ

စိုးလို့ ..ကဲ အဲ့လို သူတွေကလည်း Device Administrators ထဲကိုရောက်အောင် အောက်ကလို သွားရုံပေါ့

ဘာခက်တာမှတ်လို့ ... :)


ကဲ ဘယ်လိုဖြစ်ဖြစ် Device Administrators ထဲကို ကျွန်တော်တို့ ရောက်သွားကြပါပြီ...

ကဲ အားလုံး Device Administrators ထဲကို ရောက်သွားကြပြီနော်.. Device Administrators

ရောက်တာနဲ့ ကိုယ် Uninstall လုပ်ချင်တဲ့ကောင်ကို အောက်ကလို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....

အမှန်ခြစ်ကလေး ဖြုတ်ပေးပြီးပြီဆိုရင် အောက်ကလို Deactivate လုပ်ဖို့

စာလေးတက်လာပါလိမ့်မယ်...သူ့ကို  အစပိုင်းတုန်းကActivate လုပ်ပေးထားမိ တယ်လေ ...

ကျွန်တော် ဒီပို့စ်အစ မှာ ပြောပြခဲ့ ပါတယ်... ဒီတော့ Deactivate လုပ်ဖို့အောက်မှာပြထားတဲ့ ပုံအတိုင်း

Deactivate ခလုတ်ကိုနှိပ်ပေးလိုက်ပါ...


ပြီးရင် ကိုယ် အမှန်ခြစ်ဖြုတ်ထားတဲ့ကောင်ကို Uninstall လုပ်ဖို့အတွက်......

Manage Applications ထဲကို ဝင်လိုက်ပါတယ်.. (Launcher ထဲမှာ ပါတဲ့ Long Pressing Option လေး
သုံးပြီးတော့လည်း... Uninstall ပြုလုပ်နိုင်ပါတယ်.. ဒါပေမယ့်အဲ့လိုအလွယ်လမ်းလိုက်တာမကောင်းပါဘူး..
 ပညာရပ်တစ်ခုကို အလွယ်လမ်းလိုက်မိရင် ..တခြားသူနဲ့ Related ဖြစ်နေတဲ့ အကြောင်းအရာတွေ
 ရောက်ရင် မသိတာ.. မလုပ်တတ်တာတွေ ဖြစ်လာနိုင်ပါတယ်... )

ကျွန်တော့်ဆီမှာတော့ Third-party ကနေ ဝင်လိုက်တယ်...



နောက်ပြီး ကိုယ် Uninstall လုပ်ချင်တဲ့ Application ထဲကို ဝင်လိုက်ပါတယ်....


ပုံမှန် Uninstall လုပ်နေကြ အတိုင်း Uninstall လုပ်ပါတယ်.....

This application will be uninstalled ဆိုတာ တွေ့ပါလိမ့်မယ်.... OK ကို ရဲရဲ သာနှိပ်ပေးလိုက်ပါ...



 အောက်ကပုံက တော့ Uninstalling Process ထဲမှာပဲ ရှိနေသေးကြောင်းပြတဲ့ ပုံပါ..


 ကဲ အောက်က ပုံလေးကို ကြည့်လိုက်ပါ...


ပုံမှာမြင်တဲ့ အတိုင်းပါပဲ Uninstall လုပ်လို့ မရတဲ့ကောင်ကို လုပ်ပြီးတဲ့ပုံပါ...

ကဲ မိတ်ဆွေရဲ့ Andriod ဖုန်းမှာမလိုအပ်တဲ့ကောင်ကို အောင်မြင်စွာ Uninstall လုပ်ပစ်နိုင်လိုက်ပါပြီ...

ကျွန်တော် ပုံတွေမှာ ပြထားတဲ့ Location & Security ထဲ ဝင်တဲ့ အပိုင်းမှာ က ဖုန်းတစ်လုံး သုံးထားပြီး...

အဲ့ဒီ့ဖုန်းမှာ... Screen Shot Capture လုပ်ရမှာ... Error လေးအနည်းငယ်တက်နေလို့ ...

Samsung ဖုန်းနဲ့ အစားထိုး ပြီး Screen Shot လေးရိုက်တင်လိုက်ရပါတယ်.......

ဘယ်လိုပဲဖြစ်ဖြစ် သဘောတရားကို နားလည်ရင် အားလုံးအဆင်ပြေမှာပါ...

ဘယ်ဟာကိုမှ ပုံသေ မမှတ်တာအကောင်းဆုံးပါ....

ကျွန်တော် ရေးတဲ့ Post တွေ မှာ အရင်ကဆို အသေးစိတ် ရှင်းပြပါတယ်... အခု နောက်ပိုင်းက

အချိန်သိပ်မပေးနိုင်လို့ ... အသေးစိတ်မရှင်းပြနိုင်တာ စိတ်မရှိကြပါနဲ့ ..

နားမလည်တဲ့ အပိုင်းတွေကို ကျွန်တော့် G-talk မှာ လာမေးနိုင်ပါတယ်....

ကျွန်တော့်ကြောင့် နည်းပညာ ဗဟုသုတ တစ်ခု တိုးပွားသွားခဲ့တယ်ဆိုရင် ကျေးဇူးတင်စကားမပြောချင်

နေပါ.. ကျွန်တော် ကျေနပ်ပါတယ်.....

ကဲ အားလုံး အဆင်ပြေကြစေဗျာ....

ကျွန်တော်နှင့်တိုက်ရိုက်ပြောလိုပါက

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင် ဆက်သွယ်နိုင်ပါတယ်...

ဒီ Post လေး ကို အစအဆုံး ဖတ်ပေးသူများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်..

Thursday, July 25, 2013

samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲ


ကဲ CBOX မှ ကိုမိုးမိုး: ဆရာ IT ခင်ဗျာ...samsung galaxy S IV နှင့် SIII အစစ် နှင့် clone တွေကိုဘယ်လိုနည်းနဲ့ ကြည်ရင်သိနိုင်ပါသလဲခင်ဗျာ.ကျေးဇူးပြုပြီးပြောပြပေးပါခင်ဗျာ..

ကဲဒါကတော့လွယ်ပါတယ်ဗျာ
အခုနောက်ပိုင်း Clone တွေက Copy ကူတာတော်တော်လေးကိုတူပါတယ်
ပထမ တစ်ချက်က Touch screen ပါပဲ မသပ်ရက်ပါဘူး
အရောင်နည်းနည်း မိန်တယ်ပြီးတော Icon လေးတွေကို ဖိရင် Screen က ရွေရွေသွားပါတယ်
Samsung ဖုန်းကိုင်ဖူးသူဆိုရင် တော့ တန်းသိနိုင်ပါတယ်
Screen နိပ်ကြည့်ရုံနဲ့သိနိုင်ပါတယ်
ဒီလိုကျွန်တော်ပြောတာက တစ်ကယ်တမ်းတော့မခိုင်လုံပါဘူး
ပိုသေခြာ အောင် အဖုန်းဖွင့်ကြည့်လိုက်ပါ တံဆိပ် ကပ်ထားတာမသပ်ရက်ပါဘူး
စောင်းနေတာတို့ အိုက်ပေါ်မှာရေးထားတဲ့စာ မသပ်ရက်တာရယ်
နောက်ပီးတော့ အလေးချိန်ပေါ့ပါတယ်
နောက်ပီးတော့ ပိုသေခြာချင်ရင် တော့ Software သုံးပါ Golaucher သုံးပါ
Golaucher မှာ Ram ကိုသိနိုင်ပါတယ် အစစ်ဆိုရင် 1GB ဆိုရင် 803MB ရှိပါတယ်
ပြီးတော့ နောက်တစ်ခု Setting>about>model မှာကြည့်ပါ S4 ဆိုရင် i9500 ပေါ့
နောက်ပြီးတော့ ကျွန်တော်မြင်ဖူးတာ S4  Clone က S3 ဆိုက်လောက်ဘဲရှိပါတယ်
ဒါကတော့လွယ်ပါတယ် သေးနေလို့ Clone လို့သိနိုင်ပါတယ်
S3 ဆိုရင်လဲ Screen touch ပါဘဲ နိပ်ရင်မထိတထိနဲ့

ကျွန်တော်အတွေ့အကြုံအရဆိုရင် Clone တွေက ရုပ်ထွက်မကြည့်ဘူးဗျာ
Screen Resolution ကွာတယ်ဗျာ့ နောက်ပြီးတော့  memory ram နည်းတယ်
S4 က Ram 2GB ရှိတယ် အတု က 512 MB ဘဲရှိတယ်
ဒီလိုလေးတွေမသိနိုင်တာလေးတွေကို လျှိုပြီးတော့ ဈေးလျှော့ရောင်းပါတယ်
ကျွန်တော်ဖုန်းပြင်တာမဟုတ်ပါဘူး ဆိုင်လဲမရှိပါဘူး
ဒါပေမဲ့ကျွန်တော်ယိုးဒယားနိုင်ငံမှာ သင်တန်းအနေနဲ့ 1 နှစ်လောက် နေဖူးပါတယ်
ဒါကြောင့်ဒီအကြောင်းတွေကိုပြောနိုင်တာပါ။

အောင်ကျော်ဇေယျမိုးဟိန်းထွန်း


Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

Tuesday, May 21, 2013

Android Version 4.0 and up မြန်မာစာ Font သွင်းနည်း



Android Version 4.0 and up မြန်မာစာ Font သွင်းနည်း
ကဲစလိုက်ကြရအောင်
ZawGyi Changer
Frozen Keyboard Pro 0.5.2
ကဲပြီးရင် ဒီကောင် တွေကို
ဖုန်းထဲမှာအကုန်လုံးသွင်းလိုက်ပါ
ပြီးရင် ZawGyi Changer ကိုဖွင့်လိုက်ပါ
ပြီးရင် Superuser ပေါ်လာရင်ကနေ Grant ကိုရွေးလိုက်ပါ
ကဲပြီရင် ဇော်ဂျီဖောင့် ပြောင်းရန် ကိုနိပ်လိုက်ပါ
reboot တောင်းရင်ပေးလိုက်ပါ
ကဲပြန်တက်လာရင်တော့မြန်မာစာမြင်ရပါပြီ
နောက်တစ်ဆင့်
ဖုန်းရဲ့ setting >> Language and input >> Frozen Zawgyi keyboard ကို အမှန်ခြစ်ပေးလိုက်ပါ
ပြီရင် အပေါ်က Default ထဲကိုဝင် ပြီရင် Frozen Zawgyi Keyboard pro ကိုရွေး
ပြီးရင် Set up input methods ကိုရွေးကဲပြီးပြီဗျာ
ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင် comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုဟိန်းထွန်း
azy228@gmail.com
www.mmitcity.org@gmail.com

Samsung Galaxy Tab 2 GT-P3100 Root လုပ်နည်း

Root the Samsung Galaxy Tab 2 GT-P3100

ကဲ Facebook က ကိုမောင်မောင်လေး ကမေးထားပါတယ်
Samsung Galaxy Tab 2 ကိုမြန်မာဖောင့်တင်နည်းလေး
အကိုတို့ Website မှာတင်ပေးပါလို့တဲ့

ကဲစလိုက်ကြရအောင်နော်
ကဲပထမအနေနဲ့ ဒေါင်းရအောင်
Odin3 v1.85
CF-Auto-Root-espressorf-espressorfxx-gtp3100
Samsung_Mobile_Phones_USB_Driver_v1.5.14.0
ကဲဒေါင်းပြီရင်
ရလာတဲ့ ZIP FILE တွေကို ဖြည်လိုက်ပါ
ပြီးရင် Samsung_Mobile_Phones_USB_Driver_v1.5.14.0 ထဲက Driver ကို Install လုပ်လိုက်ပါ
ပြီးရင်ဖုန်းပိတ်လိုက်ပါ ပြီရင် Download Mode လုပ်ရပါမယ်
Volume Down button and Home and Power Button

ပြီရင် Volume up နိပ်လိုက်ပါ။
အောက်ကပုံတွင်ကြည့်ပါ

ပြီးရင် ကွန်ပျူတာနဲ့  Samsung Galaxy Tab 2 ကို USB နဲ့ချိတ်လိုက်ပါ
Driver တက်လားကြည့်ပါ
တက်ရင်
Odin3 v1.85 ကိုဖွင့်ပါ
ပြီးရင်
Auto-Reboot နဲ့ F-Reset Time ကို အမှန်ခြစ်ပေး ပါ
ပြီးရင် အပေါ်က ID-COM မှာ အ၀ါရောက်ပေါ်ပါမယ်
ပြီးရင် PDA ကိုနိပ်ပြီး
 CF-Auto-Root-espressorf-espressorfxx-gtp3100 ထဲက
CF-Auto-Root-espressorf-espressorfxx-gtp3100.tar.md5
လေးကိုရွေးလိုက်ပါ
ပြီရင် Start နိပ်လိုက်ပါ
ခဏစောင့်ပါ
pass ပေါ်လာရင်ပြီးပါပြီ
ပြီရင်ဖုန်းဖွင့်လိုက်ပါ
ကဲ Root လုပ်မယ်
 ROOT FILE
ကိုအရင်ဒေါင်းပါ
ပြီးရင် ZIP ကိုမဖြည်ပါနဲ့ ZIP လိုက် SDCARD  ထဲကိုထဲ့လိုက်ပါ
ပြီးရင် phone ပိတ်လိုက်ပါ
ပြီးရင် recovery mode ထဲဝင်ရပါမယ်
Volume up button and Home and Power Button
ပြီရင် လွတ်လိုက်ပါ ခဏစောင့်ပါ
အောက်ကပုံပေါ်လာပါလိမ့်မည်

ကဲပြီးရင် install zip from sdcard ကို volume down သွားပါ
ပြီးရင်ဝင်လိုက်ပါ
ခုဏဒေါင်းထားတဲ့ File ကို ရှာပြီ ဖွင့်လိုက်ပါ
ပြီးရင် ပြန်ထွက်လိုက်ပါ
ပြီးရင် reboot system now ကိုနိပ်လိုက်ပါအဆင်ပြေသွားပါပြီ
ဖုန်း ပြန်တက်လာပါလိမ့်မယ်
ကဲ root လို့တော့ပြီးပြီ
ကဲမြန်မာစာတင်ဖို့ဘဲလိုတော့တယ်
မြန်မာစာတင်နည်းကို ဒီမှာ သွားကြည့်ပါ။

ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင် comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com
www.mmitcity.org@gmail.com




Saturday, May 18, 2013

မြန်မာအိုင်တီမြို့တော်သို့ Android ဖုန်းမှ ဝင်ရောက်ဖတ်ရှုနိုင်ရန် apk

မြန်မာအိုင်တီမြို့တော်ကို Android ဖုန်း များအတွက် အလွယ်တကူဝင်ရောက်စေနိုင်ရန် apk ထုတ်ပေးထားသည်။

ကဲအခု ကျွန်တော်တို့ မြန်မာအိုင်တီမြို့တော်ကို 
Android ဖုန်းမှအလွယ်တကူ
ဖွင့်နိုင်ရန်အတွက်
ဖန်တီးထားသည်။
Software ဖန်တီးသူ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com

Wednesday, August 1, 2012

Android apk တွေရဲ့ icon တွေကိုကွန်ပျူတာ ပေါ်မယ်မြင်ရအောင် လုပ်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်..


Android apk icon လေးတွေကိုကွန်ပျူတာပေါ်မှာမြင်ရဖို့အတွက် ကွန်ပျူတာမှာ .Net Framework 2.0 နဲ့အထက် သွင်းထားဖို့လိုအပ်ပါလိမ့်မယ်။ .NetFramework ဟာ Windows XP 32 bit နဲ့ windows 7 32 bit မှာဘဲ အလုပ်လုပ်ပါတယ်။
ပြီးတာနဲ့ Apk shell ကို Down လိုက်ပါ။ download လုပ်လို့ရလာတဲ့ဇစ်ဖိုင်လေးကို ဇစ်ဖြည်ပြီး install.bat ဖိုင်လေးကို run လိုက်ပါ။ Successfully ဖြစ်သွားပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါ။
ပြန်တက်လာပြီဆိုရင်တော့ ကွန်ပျူတာထဲမှာရှိနေတဲ့ Android apk ဖိုင်တစ်ခုခုကိုကြည့်လိုက်ပါ။ ဖုန်းထဲမှာလိုမျိုး icon လေးနဲ့ပေါ်နေတာကိုတွေ့၇ပါလိမ့်မယ် ။

(တစ်ခုသတိပေးချင်တာက စက်တိုင်းနဲ့အဆင်မပြေတာကိုတွေ့ရပါတယ်။ registary error ရှိနေတဲ့ တစ်ချို့စက်တွေမှာလည်း installation error တက်ပါတယ်။ 91 PC Suite ကဲ့သို့သော PC suite သွင်းထားတဲ့စက်တွေမှာလည်း icon မပေါ်တတ်ပါဘူး။)

Download Net Framework
Download Apk Shell

Wednesday, June 13, 2012

sony ericsson xperia ray st18 မြန်မာ font သွင်းနည်း

sony ericsson xperia ray st18 မြန်မာ font သွင်းနည်းလေးပါ
gtalk ကနေ မြန်မာfont သွင်းနည်းလေးကိုတောင်းဆိုလာလို့
ကျွန်တော်တင်ပေးလိုက်ပြီနော်သူငယ်ချင်းတို့

ကဲစလိုက်ကြရအောင်နော်
ပထမဆုံး frozen keyboard နဲ့ zawgyi font ကိုအရင် ဒေါင်းလိုက်နော်
frozen keyboard pro 0.5.2 အားရယူရန်
Zawgyi font

ပြီပြီဆိုရင် zawgyi font နဲ့ Frozen keyboard apk file ရလာပါမယ်
ရလာတဲ့  frozen keyboard နဲ့ Zawgyi font ကို သူငယ်ချင်းတို့ဖုန်းမှာရှိတဲ့ SD Card ထဲကို copy ကူထားလိုက်ပါ
ပြီရင် ထို  frozen keyboard ကို Install လုပ်လိုက်ပါ
Install လုပ်ပြီပြီဆိုရင် သူငယ်ချင်းတို့ဖုန်းထဲက Setting ထဲကိုသွားပါ
ပြီရင် Language and keyboard ကိုနိပ်လိုက်ပါ
ပြီရင် အောက်ဆုံးအကြောင်းမှာ  frozen keyboard Keyboard
ဆိုတ်ာလေးကို အမှန်ခြစ် ခြစ်ပေးပါ
Attention Box ပေါ်လာပါလိမ့်မယ်
ok လို့နိပ်လိုက်ပါ
ပြီ၇င် Messages ထဲကိုသွားပြီ
စာရိုက်မဲ့နေရာမှာ သုံးစက္ကန့်ဖိထားပါ
ပြီရင် Input Method ကိုရွေးလိုက်ပါ
Select input method Box ထဲမှာ  frozen keyboard Keyboard ကိုရွေးလိုက်ပါ။
ဒါဆိုရင် frozen keyboard ကိုတွေ့ရမှာဖြစ်ပါတယ်။
ရိုက်လို့တော့ရတယ် Textbox မှာ
SMS ပိုတဲ့ Textbox မှာတော့ ရိုက်လို့မရဘူး
ရိုက်လို့တော့ရတယ်
အတုံးလေးတွေပေါ်နေတယ်
ကဲနောက်တစ်ဆင့် ပေါ်အောင်လုပ်ရမယ်
ပထမ root လုပ်ရမယ့်
root လုပ်နည်းကို ဒီမှာ သွားကြည့်ပါ 
ပြီတာနဲ့ မြန်မာစာမြင်ရဖို့ Font Changer ဆိုတဲ့ application လေးကို
ဒေါင်းရမှာဖြစ်ပါတယ်။
Font Changer
ဒေါင်းလိုက်ပါ
ပြီတာနဲ့ FontChangerLite_v1.8.3.apk လေးကိုရလာပါမယ်
ဒီ file လေးကို SD Card ထဲကို copy ကူထဲ့လိုက်ပါပြီတာနဲ့
ဖုန်းထဲမှာ Install လုပ်လိုက်ပါ
သတိ - font Changer ကို Install လုပ်ဖို့အတွက် ဖုန်းကို အရင် Root လုပ်ထားရမှာဖြစ်ပါတယ်။
            Root မလုပ်ထားရင် font Changer ကိုတင်လို့တော့ရပါတယ် သုံးလို့တော့ရမှာမဟုတ်ပါဘူး
       
  Root လုပ်ထားမှ font Changer Application ကို Run ခွင့်ပြုမပြု မေးပါလိမ့်မယ်
  Allow Button ကိုရွေးလိုက်ပါ.
 ပြီတာနဲ့ font Changer Application ကိုပြန်ပိတ်လိုက်ပါ
ပြီရင် SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပြီးဖြစ်နေတာကိုတွေ့ရပါမယ်။
Zawgyi-One-20071230.ttf
လေးကိုဒေါင် လိုက်ပါ
ပြီတာနဲ့fontchanger ဆိုသည့် Folder ထဲကို ကူထဲ့လိုက်ပါ
ပြီပြီဆိုရင် fontchanger ကို ပြန် run လိုက်ပြီတာနဲ့ ကျွန်တော်တို့ထဲထားတဲ့ zawgyi font ကိုတွေရမှာဖြစ်ပါတယ်။
ဇော်ဂျီဖောင့်ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။
Prompt တစ်ခု တပ်လာရင် Apply လုပ်လိုက်ပါ။
Reboot now ကို ထပ်ရွေးပါ။
 ဖုန်းကို Restart ချပေးသွားပါမယ်။
ဖုန်းပြန်တက်ရင် zawgyi font ကိုရိုက်လို့ဖတ်လို့၇ပါပြီ
ကဲအဆင်ပြေပါစေနော်
တကယ်လို့အဆင်ပြေတယ် မပြေဘူးဆိုတာကို comments ရေးပေးခဲ့ပါ။
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com
www.mmitcity.com@gmail.com




Android ဖုန်း Root လုပ်နည်း

android ဖုန်း Root လုပ်နည်း
တချို့က android ဖုန်း Root လုပ်တာကိုမလုပ်တက်ကြဘူး
ကဲအလွယ်ဆုံးနည်းကိုပေးမယ် ကျွန်ပျူတာမှာ
kies
ကိုဒေါင်းလိုက်ပါ ပြီရင်စက်မှာအရင်တင်ထားရမှာဖြစ်ပါတယ်
ပြီပြီဆိုရင် ဖုန်းကို Setting ပြီ၇င် Application  ကိုဝင်လိုက်ပြီ
ပြီရင် Unknown source ကို အမှန်ခြစ်ပေးလိုက်ပါ
အောက်မှာ နားလေးမှာ Development ကိုဝင်လိုက်ပါ
ပြီရင် USB debugging ကိုမှန်ခြစ်ပေးလိုက်ပါ
ကဲ ဖုန်းထဲကတော့ပြီသွားပြီ
ကဲ root စလုပ်မယ်
Super one click v2.3.1
ကိုဒေါင်းလိုက်ပါ
ပြီရင် ဖုန်းကိုကျွန်ပျူတာနဲ့ ချိတ်လိုက်ပါ
ကျွန်ပျူတာမှာ Driver တက်တာနဲ့
super one click ကို run လိုက်ပါပြီရင်
root ကိုနိပ်လိုက်ပါ
ပြီရင် ခဏစောင့်ပါပြီတဲ့ထိ
နဲနဲကြာပါတယ်
ဒါဆိုရင် root ပြီသွားပါပြီ
အဆင်ပြေပါစေနော်
တကယ်လို့အဆင်မပြေဘူးဆိုရင် comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com
www.mmitcity.com@gmail.com

FB comments