Sunday, August 4, 2013

You Tube က Video တွေကို အလွယ်ဆုံးနည်းလမ်းဖြင့် Download ဆွဲနည်း...





မင်္ဂလာပါ.. ကျွန်တော် နောင်ခန့်သူပါ...

အခု တင်ပြမှာကတော့ ခေါင်းစဉ်အတိုင်းပါပဲခင်ဗျာ... ဒီနည်းလမ်းကို လူတစ်ရာမှာ ၆ဝ လောက် သိကြ

မယ်လို့ ထင်ပါတယ်.. အခု ဒီ Post ကို အဲ့ဒီ့ ၆ဝ ဖတ်စရာမလိုပါဘူး...

ကျန်တဲ့မသိသေးသူများအတွက် ရည်ရွယ်ပါတယ်...

အရင်ဆုံးသင့် ရဲ့ Mozilla ကို ဖွင့်ထားပါ...

Ctrl+Shift+A တွဲနှိပ်လိုက်ပါ....

 New Tab နဲ့ ပွင့်သွားပါလိမ့်မည်....။ အဲ့ဒီ့ စာမျက်နှာရဲ့ ညာဘက် အပေါ်ထောင့်နားက box လေးထဲမှာ

အောက်ကအတိုင်း Easy Youtube Downloader လို့ရိုက်လိုက်ပါ...



အောက်ကပုံလို သူ့နာမည် အပေါ်ဆုံးမှာ ပေါ်နေပါမည်... Install ကို Click ပေးပါ..

ပုံမမြင်ရပါက ပုံပေါ် Click ကြည့်ပါ..



အောက်ကပုံလို Firefox အတွက် Install လုပ်ပေးနေပါလိမ့်မည်... Downloading လို့ပြနေချိန် စောင့်ပေးပါ..




Downloading လေးပြည့်ပြီဆိုရင် Firefox ကို restart လုပ်လိုက်ပါ..
(Restart ဆိုသည်မှာ ပိတ်ပြီး ပြန်ဖွင့်ခြင်းဖြစ်ပါသည်..)

မိမိ Download လုပ်ချင်နေတဲ့ Youtube က Link ကို ထည့်လိုက်ပါက အဲ့ဒီ့ Video ရဲ့အောက်နားလေးမှာ

Download Button လေးပေါ်နေပါမည်.. အောက်မှာကြည့်လိုက်ပါ...



Download Button လေးကို Click ပေးလိုက်ပါက အောက်ပါ အတိုင်း ... မိမိ Download လုပ်ယူလိုတဲ့

Video အမျိုးအစားကို ရွေးချယ်ပြီး Download လုပ်နိုင်ပါပြီ......



ကျွန်တော်နဲ့ တိုက်ရိုက်ပြောလိုပါက ...

heartlay.2018@gmail.com

https://www.facebook.com/bossies.princelay တို့တွင် တိုက်ရိုက်ပြောလို့ ရပါတယ်...

အားလုံးကို ကျေးဇူးတင်ရှိပါတယ်...

Click တစ်ချက်တည်းနဲ့ မိမိ FAN page ကို မိမိ Friend အားလုံးကို ခေါ်မယ်(On facebook)






ဒီ Post လေးကတော့ FB မှာ FAN page ရှိတဲ့ သူများအတွက်ပေါ့...

တစ်ယောက်ချင်း Invite လိုက်လုပ်နေရလို့ဆိုပြီး စိတ်မညစ်ကြပါနဲ့....

အခု ပဲဖြေရှင်းနည်းလေး တင်ပေးလိုက်ပါပြီ....

မိမိ FAN Page ရဲ့ အပေါ်ဆုံးနားက Build Audience ကို နှိပ်လိုက်ပါ....

ပြီးရင် ပေါ်လာတဲ့ List ထဲမှာ... Invite Friends ကိုနှိပ်ပေးပါ.....

ဇယား ကွက်ကလေးတွေနဲ့ Friends နာမည်နဲ့ အမှန်ခြစ်စရာ အကွက်လေးတွေ ပေါ်လာပါလိမ့်မယ်


သင်သုံးနေတဲ့ Browser က Mozilla Firefox မှာဆိုရင် Ctrl+Shift+K နှိပ်ပါ.........

ပြီးရင် ပေါ်လာတဲ့ အကွက်လေးထဲမှာ... စာရိုက်စရာလေးပေါ့ အောက်မှာ Screen Shot ကြည့်ပါ...


Google Chrome သမားများအတွက်ကတော့ Ctrl+Shift+J ပါ...

ပြီးရင် ပေါ်လာတဲ့ အကွက်လေးထဲမှာ... စာရိုက်စရာလေးပေါ့ အောက်မှာ Screen Shot ကြည့်ပါ...





ရပြီ ဒါဆို အောက်က Code ကိုကူးပြီး အဲ့ ဒီ့ နေရာကို ကူးသာထည့်ပြီး Enter ခေါက်လိုက်တော့

javascript:elms=document.getElementsByName("checkableitems[]");for (i=0;i<elms.length;i++){if (elms[i].type="checkbox" )elms[i].click()};

 Code လေးကူးထည့်ပေးလိုက်ရင် Friends တွေ အကုန်လုံးကို အောက်က ပုံလို အမှန်ခြစ်ပြီးသားဖြစ်သွားပါမယ်....


ပြီးတာနဲ့ Submit ကိုနှိပ်ပေးလိုက်ပါ.... အားလုံးအိုကေသွားပါပြီ...

တကယ်လို့များ ကျွန်တော်နဲ့ တိုက်ရိုက်ပြောချင်တယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

မှာ လာရောက်ဆွေးနွေးပြောဆိုနိုင်ပါတယ်....

Facebook မှာ Click တစ်ချက်တည်းနဲ့ Friend များအောင် လုပ်ပေးမယ်...(သို့မဟုတ်) Suggest လုပ်ပေးမယ်...




 မင်္ဂလာပါ ကျွန်တော် နောင်ခန့်သူပါ......

ဒီနေ့တော့ Facebook မှာ Friend များချင်လှ ပါသတဲ့ ဆိုတဲ့ ညီအစ်ကို မောင်နှမ များအတွက်

နည်းလမ်းကောင်းလေးပြောပြပေးလိုက်ပါမယ်.. Facebook ပေါ်မှာ Friend များချင်တယ်ဆိုရင် ကိုယ်က

Add မှ ဗျ... ဒါပေမယ့် ကိုယ့်အကောင့် က Block ခံရနိုင်တယ်လေ... 7ရက်တို့ 14 ရက်တို့....

တချို့ဆို ရက်သုံးဆယ်တောင်.....

အဲ့လောက်ဖြစ်သွားတော့ ဘာလုပ်တော့မှာလဲ ဗျာ... မဟုတ်ဘူးလာ.း...

ကိုယ်က နေ လိုက် Add ရင် အယောက် 50 လောက် Add ရမှာ သူများတွေက ကိုယ့်ကိုယ် Add ရင်

တစ်ယောက်ကို တစ်ချက်ပဲ နှိပ်ရမှာ....

ဘယ်နည်းလမ်းကြိုက်မလဲ...????

လွယ်တာနဲ့ နည်းတာပဲ ရွေးမှာပေါ့... ဒီတော့ ဘယ်လိုလုပ်မလဲ....

Friend များချင်တယ်ဆိုတဲ့ သူများကတော့ မိမိရဲ့ သူငယ်ချင်းတွေကို အကူအညီတောင်း Suggest Friend

လုပ်ခိုင်း... စိတ်ချ ကိုယ်က Add စရာမလိုဘူး... သူများက လာ Add ပါလိမ့်မယ်..

မမြင်ရင်တော့ လာ Add မှာ မဟုတ်ဘူးပေါ့ဗျာ.. :P

ကဲ Suggest လုပ်တဲ့ သူတွေက တစ်ယောက်ချင်းလိုက်လုပ်နေရတော့ ပင်ပန်းတယ်....

ပင်ပန်းတယ် ထင်ရင် ... Click တစ်ချက်တည်းနဲ့ Suggestion တွေ ပြီးအောင် ပွဲသိမ်းကြရအောင်ဗျာ...

စမယ်...

အရင်ဆုံး... Grease Monkey ဆိုတဲ့ Firefox Extension လေးကို ဒီနေရာကနေ Install လုပ်ပါ....

Download ဆိုတာ နှိပ်လို့ပြောတာပါ...



ပြီးရင် အောက်ကပုံထဲကလို Allow တွေ ဘာတွေ ပေါ်လာရင် ကောက်ပေး... အဲလေ နှိပ်ပေးလိုက်ပါ....

မြားလေးကို မနှိပ်ပါနဲ့ စာသားကိုနှိပ်ပါ...


အောက်က လို Grease Monkey လေးကို Install လုပ်မယ့် Box လေးတက်လာပါမယ်...


 Install Now ကို နှိပ်ပေးပါ.... ပြီးရင် အောက်ပုံကိုကြည့်ပါ...


Restart Now ကို နှိပ်ပေးပါ... မြားလေးကို မနှိပ်ပါနဲ့ စာသားကိုနှိပ်ပါ...

ပြီးရင် Firefox ကြီး ပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မည်.... ခေတ္တစောင့်ပြီး....

အောက်က Download Here လေးကို ကလစ်ပေးပါ......



အဲ့ဒီ့မှာ ... အောက်က ပုံအတိုင်း Install လုပ်ပေးပါ.... သဘောကတော့ Grease Monkey ထဲကို

JS Script File လေးထည့်ခြင်းပဲဖြစ်ပါတယ်....



အောက်ပုံအတိုင်း သူစကားများတာကို ဂရုမစိုက်ဘဲနဲ့  OK လေးကို နှိပ်ပေးလိုက်ပါ....
 

ရပြီ အခုဆို သင်လုပ်စရာရှိတာကိုအောက်မှာ ဆက်ဖတ်ကြည့်ပေးပါ...

ကဲ သင့် Facebook ကြီးကိုဖွင့်  Suggest လုပ်ပေးချင်နေတဲ့ Friend ကို  ဝင်လိုက်.... အောက်က

ပုံကိုကြည့်ပါ....


အဲ့ဒီ့ ပုံမှာ ကျွန်တော် ပြထားတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်... Friend တစ်ယောက်ချင်းကို

Suggest လုပ်ပေးစရာမလိုတော့ဘဲနဲ့ Auto Suggest လုပ်ပေးသွားပါလိမ့်မယ်...

အားလုံးပြီးဆုံးပါပြီ.....အခုဆို
ရပြီဗျို့ ... ထက ပေတော့ ... အဲ ကပြီးရင် ပြန်ထိုင်နော်... ဘေးနားက လူတွေက အရူးထင်ပြီး

ရွာသာကြီးပို့နေဦးမယ်. :P

ကျွန်တော့်ကို လာရောက်တောင်းဆို ကြတဲ့ သူတွေက Facebook Lock ကျတာတွေ ချည်းပါပဲ..

ဒါကြောင့်  ကျွန်တော် အဲ့ ဒီ့ ပြဿနာကို အဖြေရှာပေးပြီး အဆင်ပြေတာနဲ့

ပို့စ်ချက်ချင်း တင်ပေးမှာပါ.....

တစ်ခုပြီးမှ တစ်ခု လုပ်ပေးနိုင်မှာပါ.... ကျွန်တော့ ဦးနှောက်ကလည်း စက်ရုပ်ဦးနှောက် မဟုတ်လို့ပါ.. :P

ကဲ အားလုံးအဆင်ပြေနိုင်ပါစေခင်ဗျာ...


တကယ်လို့ များ ကျွန်တော်နဲ့ တိုက်ရိုက်ပြောချင်တယ်ဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

ကိုဆက်သွယ်ပါ ဖုန်းနံပါတ်ကတော့ ဒီမှာ မရေးပေးပါဘူး....

ဆက်ပြီးတော့ စိတ်အနှောက်အယှက် ဖြစ်မယ့် စကားတွေ ဆဲဆိုသံတွေ ကိုကြောက်မိလို့ပါ....

ဒီနေ့တော့ ဒီလောက်ပါပဲ .....

အားလုံးပျော်ရွှင်ပါစေ.....

တခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း....(On Facebook) ..

မင်္ဂလာပါ.. ကျွန်တော်ကတော့ နောင်ခန့်သူပါ.... ဒီနေ့တော့ ကျွန်တော်ပြောပြပေးမှာက...

Facebook မှာ မိမိကို Fri Request ပို့ရင် သက်ဆိုင်သူတွေပဲ ပို့ လို့ရအောင်...လုပ်ကြပါမယ်...




 ဒါကတော့ လူတိုင်းလိုလို သိကြမှာပါ .. မသိတဲ့ သူတွေ ရှိသေးလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်...

Facebook Privacy နဲ့ပတ်သက်တဲ့ Instructions တွေ လိုက်ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်...

အခု နည်းလေးပဲ ကျွန်တော် ပြောပြပေးလိုက်ပါမယ်...

အားလုံးပဲ ကျွန်တော့် ကိုပို့စ်တင်ပါလို့ အရမ်းတိုက်တွန်းနေတဲ့ အကိုအစ်မမောင်နှမ များအားလုံးခင်ဗျာ..

အခု ကျွန်တော် (နောင်ခန့်သူ) အင်တာနက် လိုင်း အတက်အကျ ပြဿနာကြီးကို ရင်ဆိုင်နေရပါသဖြင့်..

အရင် ပြောထားတဲ့ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးနိုင်သေးမှာ မဟုတ်လို့ တောင်းပန်ပါတယ်...

ဒီတစ်ပတ်ကျော်သွားရင် ဒီဒုက္ခတွေ ကင်းဝေးသွားမယ်ထင်ပါတယ်...

ကဲကဲ ကျွန်တော် လေကြောရှည်နေပြီ ထင်ပါတယ်... အခုနည်းလေးကို စလိုက်ကြရအောင်ဗျာ...

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

အောက်မှာ Mobile User တွေ အတွက်ပါ..

အောက်မှာပြပေးထားတဲ့ ပုံလေးအတိုင်း မျဉ်းသုံးကြောင်းပုံလေးကို Tap လိုက်ပါ...


 Settings & Privacy ကို ထပ် Tap ပါ...



 Privacy ကိုဝင်ပါ...အောက်မှာပုံပြပေးထားပါတယ်...



Who can send you friend requests? ကိုဝင်ပါ...



အောက်ကအတိုင်း Friends of Friends ကို Tap လိုက်ပါ... ထိလိုက်ပါ... ရပါပြီ..


ကဲ အားလုံးအောင်မြင်ပြီးဆုံးပါပြီ...

ကျွန်တော် တို့ နည်းပညာသမားတွေ အခု ရက်ပိုင်း တော်တော်ကို ဒုက္ခတွေ့နေကြပါတယ်...

Facebook တို့ Gtalk တို့နဲ့ ပတ်သက်ရင် PC သမားအတွက်ရော ဖုန်းသမားတွေ အတွက်ပါ..

တင်ပေးရမလိုဖြစ်နေပါတယ်.. တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် PC အတွက်သာ ပြောပြမိခဲ့ ပါလျှင်

မိမိ ဥာဏ်ရှိသလို ချဲ့ထွင်ပြီး Phone အတွက်ပါ နည်းလမ်း ရပါအောင် တွေးပေးကြပါလို့ တောင်းပန်ချင်ပါတယ်...

နောက်တစ်ခုပြောချင်တာကတော့ နေရာတိုင်းမှာ ဟာကွက်ရှိပါတယ်.. မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါ

ဘူး...

Blacklist Pro ထွင်ခဲ့ တဲ့သူက သူများသူ့ကို Blacklist နဲ့ ပြန်တွယ်မှာ လန့်ပြီး သူမခံရအောင် ဟာကွက်ထား

မှာပါပဲ...

ပြီးတော့ Facebook မှာ Fri Request တွေ Block မခံရအောင် လို့ လုပ်နိုင်တဲ့ သူတွေ လည်းရှိတာပေါ့ဗျာ...

(ကျွန်တော်တော့ မလုပ်နိုင်သေးပါဘူး.. :P)

နောက်ပြီး တခြားသော ပညာရှင်တွေ အကုန်လည်း ဟာကွက်တွေ ထားပါသေးတယ်.. ကျွန်တော် ဥပမာ အနေနဲ့ ပြောပြတာပါ....

ဒါကြောင့် အကြောင်းအရာ တစ်ခုခုကို လေ့လာတော့မည် ဆိုလျှင် ဦးနှောက်သုံး စဉ်းစားကြပါလို့

ထပ်ပြောချင်လို့ ပြောပြလိုက်ပါသည်.....

နားပါဦးမည်..

IT နှင့် ပတ်သက်၍ ကျွန်တော်နှင့် ဆွေးနွေးလိုပါက...

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay
တို့တွင် လာရောက် ဆွေးနွေးနိုင်ပါတယ်...

အားလုံးကိုကျေးဇူးတင်ပါတယ်...

နောင်ခန့်သူ

Window Desktop ပေါ်မှာ ZawGyi Font တင်ပြီး Icon တွေမြန်မာစာမပေါ်ရင် ပေါ်အောင်လုပ်မယ်

Window Desktop ပေါ်မှာ ZawGyi Font တင်ပြီး Icon တွေမြန်မာစာမပေါ်ရင် ပေါ်အောင်လုပ်မယ်
ကဲဒီကောင်လေးကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်
Theme ပြောင်းလိုက်တဲ့အခါ မှာဖြစ်တက်ပါတယ်
အတုံးအတုံး နဲ့ပေါ်နေတယ်
ကဲ မြန်မာစာပြန်ပေါ်အောင်လုပ်မယ်

စလိုက်ကြရအောင်
အပေါ်ကပုံမှာကြည့်ပါ
ကဲ Desktop ရဲ့ နေရာလွတ်မှာ Right Click ပြီးရင် Personalize
ပြီးရင် အောက်ကပုံမှာကြည့်ပါ



ကဲဒီနည်းအတိုင်းလိုက်လုပ်ရင်တော့ အဆင်ပြေမှာ
ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင် Comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com

Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

Saturday, August 3, 2013

Android Phone မှာ Desine လန်းလန်းလေးတွေကို GO Launcher EX နဲ့သုံးမယ်




ကဲ ဒါလေးကတော့ ကျွန်တော့အခုတလော် Crazy ဖြစ်တဲ့ THEME လေးပါ
တော်တော်လေးကိုမိုက်တယ် ကျွန်တော်တခြား Jelly Bean Theme
တွေဘာတွေကို မကြိုက်ပါဘူး GO Launcher ကိုတော့တော်တော်လေးကိုကြိုက်တယ်
လန်းလဲလန်းတယ် အခုဟာက 3D ရောပါတယ်ဗျာ့ အခုကျွန်တော်သုံးနေတဲ့
Theme ပြောရရင် Crazy ဖြစ်တဲ့ Theme က တော့ Wood Theme GO Launcher EX
ဘဲဖြစ်ပါတယ် အောက်မှ Video မှာကြည့်ပါ ကြိုက်တယ် နှစ်သက်တယ်ဆိုရင်တော့
ဒေါင်းပေါ့ဗျာေိခိ :p
 Ipad နဲ့ ရိုက်ထားတာမလို့ အဆင်ပြေမယ်ထင်ပါတယ်
Screen shot နဲ့ဆိုရင် ထစ်နေတယ်ဗျာ
ဒီလိုထစ်နေရင် သုံးတဲ့သူတွေက Software ကြောင့်လို့ထင်နိုင်တယ်ဗျာ့
ဒါကြောင် Ipad နဲ့ ရိုက်ပြီးတော့တင်ထားတာပါ 

Go Launcher Ex ဒေါင်းရန်
Wood Theme GO Launcher EX ဒေါင်းရန်
ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင် comment ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း

Blogger Template ဘလော့ဂါတန်းပလိတ် Blogger ချစ်သူများအတွက် FREE

ဒီ Blogger template ကို Tech in Blogging မှ template အဟောင်းအဖြစ် မြန်မာလူမျိုးတွေအလွယ်တကူ အသုံးပြုလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ ဒီ တန်းပလိတ်က ရိုးရှင်းပြီး လူကြိုက်များတဲ့အတွက် အလွယ်တကူအသုံးပြုလို့ရအောင် share ပေးလိုက်တယ်။ Download ဆွဲမယ်ဆိုရင် ဒီနေရာ ကိုကလစ်ပြီးယူပါ။ အဲ့မှာ အသုံးပြုနည်းတွေပါရေးပေးထားပါတယ်။ free ပေးထားပါတယ်။ အားလုံး ready made ပါ။

Download => Link 1

Friday, August 2, 2013

နေ့စဉ်အသုံးဝင် Android applications များစုစည်းမှု


google_android_robot-wallpaper-800x600.jpg
Android applications ၈ခုစုစည်းထားပါတယ်။ ဖိုင်ဆိုက်က စုစုပေါင်း 40 MB ရှိပါတယ်။ အားလုံးစုစည်းထားပါတယ်။ နာမည်စရင်းကိုအောက်ပါအတိုင်းကြည့်ပါ။ နောက်လည်း share ပါဦးမယ်ဗျာ။ အဲ့ဒီထဲမှာ code မတောင်းတဲ့ Viber ဆော့ဝ်လ်အပါအ၀င် တခြား မြန်မာလိုရေးထားတဲ့ android apkလည်း ပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်။ :)Android version 2.0 နဲ့အထက်ပဲရပါမယ်ဗျာ။ :D
  • Fuel ဘယ်လောက်သုံးသင့်သလဲ
  • ဘယ်ဟာစားသင့်လဲ
  • ၁၂လရာသီအကြောင်း
  • ဗေဒင်
  • imo 3.4.3 (အလွယ်chat gtalk)
  • ဖိုင်တွေကိုမြန်မြန်ဆန်ဆန်ကူးမယ်
  • Viber (ကုဒ်မတောင်း သီးသန့်)
  • လက်သည်းအလှပြင်မယ်
အထက်ပါ application ၈ခု အတိအကျပါတယ်။ Download link ကတော့နှစ်ခုတည်းပါ။ ကျွန်တော်တင်ရတာ အခက်အခဲရှိလို့ဒီလိုလုပ်ရတာပါ။ လိုချင်ရင် ppt1459@gmail.com ကိုအပ်ပြီး တောင်းဆိုနိုင်ပါတယ်။ အောက်က download link အတိုင်းယူထားပါ။ Download link ကတော့သေမှာမဟုတ်ပါဘူး။ :)
Download => Link 1 / Link 2

Sunday, July 28, 2013

Handy Cafe FullVersion

http://www.handycafe.com/images/handycafe-logo-opt.png
ကဲ  C BOX မှ ကိုtayotegyi: အကိုရေ ကျန်တော်ကို handy cafe FullVersion လေးရှိရင်ပေးပါလားခင်ဗျာလို့တောင်းလာလို့ ကျွန်တော်တင်ပေးလိုက်ပါတယ်နော်

ဟုတ်ကဲ့ အမှန်တိုင်းဝင်ခံရရင် ကျွန်တော်ဒီ ဆော့ဝဲကိုမသုံးဖူးပါဘူး
ဘာလို့လဲဆိုတော့ ဆိုင်လဲမရှိလို့ပါ သူတို့ ရေးထားတာက
ကွန်ပျူတာ အလုံး 100 လောက် ထိ သုံးလို့ရပါတယ်လို့ရေးထားပါတယ်
စမ်းကြည့်ပေါ့ဗျာ အင်တာနက် ဆိုင်တွေမှာသုံးတဲ့ဆော့ဝဲလေးပါ
SIZE - 21 MB

ဒေါင်းရန်

ကဲအဆင်ပြေပါစေနော်
အောင်ကျော်ဇေယျမိုးဟိန်းထွန်းပါ
azy228@gmail.com



Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

အင်တာနက် မှ ဒေါင်းလို့ရတဲ့ ဇာတ်ကားတွေ Video တွေကို အိမ်မှာရှိတဲ့ အောက်စက် DVD စက်နဲ့ဘယ်လိုကြည့်မလဲ ??????????

CBOX မှ ညီငယ် ကမေးထားပါတယ်။
အကိုညီလေးကိုကူညီပေးပါအုံး ytd (youtube downloader) ကနေဒေါင်းလိုက်တယ်ဒေါင်းလိုက်ပြီ USB ထဲကိုထဲ့ လိုက်တယ်အောက်ဆက်နဲ့ကြည့်ချင်တယ် အကိုဘယ်လိုဆော့ဝဲကိုသုံးရမလဲ အကိုညီလေးလုပ်သေးတယ်ဆော့ဝဲက Format Factory နဲ့လုပ်ကြည့်တယ် မရဘူးဖြစ်နေတယ်အကိုပြောပြပေးပါဗျာ�

ဖြေ : တကယ်တမ်းတော့ ကိုညီငယ် Fromat Factory သုံးတာမှန်ပါတယ်
Fromat ပြောင်းတာမှားတာဖြစ်မယ် ကဲအတွေအကြုံလေးနည်းနည်းပြောပြမယ်နော်
အခု အင်တာနက်ပေါ်မှာရှိတဲ့ Video File တော်တော်များများ ဟာ FLV File ဖြစ်ပါတယ်
YOUTUBE တွေ ဇာတ်ကားတွေမှာပါ တွေ့ရပါတယ် FLV က Window media player
တောင်မဖတ်ပါဘူး DVD စက်ဆိုရင်ပြောမနေပါနဲ့တော့ GOM Player တို့ဘာတို့မှဖတ်ပါတယ်
ဘာလို့ FLV File ကို တင်ကြသလဲဆိုတော့ သူက ORIGINAL VIDEO SIZE ကို ချုံလို့ရပါတယ်
ရုပ်ထွက်လဲကောင်းပါတယ် ဒါကြောင့် အင်တာနက်ပေါ်တင်မယ်ဆိုရင် Flv ပြောင်းတင်ကြပါတယ်
လိုင်းနှေးလဲကြည့်လို့ရပါတယ် ။ဒေါင်းလို့ရတဲ့ VIDEO .FLV FIlE ကို Format Factory နဲ့
AVI အဖြစ်သို့ပြောင်းပေးရမှာဖြစ်ပါတယ်
ပုံတွင်ကြည့်ပါ
MPEG4 MP4 တူတူပါဘဲ ဒီကောင်ကိုတော့ပြောင်းလို့ရပါသေးတယ်
ဒါပေးမဲ့ FILE SIZE တော့တော်တော်ကြီးပါတယ်
AVI ဘဲပြောင်းပါ AVI ပြောင်းပြီးတာနဲ့ USB ထဲကိုထည့်လိုက်ပါ
ဒါမှမဟုတ် DVD VCD ခွေထဲကို Burn လိုက်ပါ
ဒါဆိုရင် DVD အောက်စက်မှာကြည့်လို့ရပါပြီ
DVD VCD ထဲထည့်တဲ့အခါမှာ DVD VCD ကို USB သဖွယ်သုံးပါ
ပြောချင်တာကတော့ DATA အဖြစ် Burn ပါ DATA အနေနဲ့ Burn လျှင် Video 100 ကျော်လောက်ထည့်လို့ရပါတယ်
Video အနေနဲ့ Burn လျှင် 18 ခုလောက်ဘဲရပါတယ်
စမ်းပြီးသာပါ DVD ခွေပေါင်းလဲ မနည်းပါဘူး လွတ်ပစ်ရတာ
ဒီလို ခံရဖူး လို့ ဒီလောက်ရေးနိုင်တာပါ
 ကျွန်တော်ဖြစ်စေချင်တာက
ကျွန်တော်တစ်ယောက်ထဲအနစ်အနာခံမယ်
စာဖတ်တဲ့သူတို့ စမ်းစရာမလိုတော့ပါဘူး ကျွန်တော်စမ်းပြီးတော့တင်ပေးထားတာပါ
မှားစရာဘာမှမရှိတော့ပါဘူး လွယ်ပါတယ်ဗျာ

အခု DVD သီးချင်းတွေမှာ တွေ့ဖူးကြမှာပါ
FOLDER တွေနဲ့ သီးချင်းတွေအများကြီးဘဲ
ဒါက AVI အဖြစ်နဲ့ပြောင်းထားတာပါ
တချို့ခွေတွေ MPEG 4 နဲ့ ရှိပါတယ်
ဖွင့်မလို့မရဘူးဗျာ အဆင်မပြေဘူး

ကဲဒီလောက်ဆိုရင် နားလည်မယ်ထင်ပါတယ်
FORMAT FACTORY

ဒေါင်းရန် 

ကဲအဆင်ပြေပါစေနော်
တကယ်လို့များအဆင်မပြေဘူးဆိုရင်
comments ရေးပေးခဲ့ပါ
အောင်ကျော်ဇေယျမိုးဟိန်းထွန်း
azy228@gmail.com  






Download မရဘူးဆိုလျှင်ပြောပြပေးပါ..အဆင်ပြေတယ်ဆိုရင် ကြော်ငြာများကိုပြန်ခါနီးတိုင်း Click ပေးသွားကြပါ :)

FB comments