ဒီနည်းလေးက တော်တော်လေးလည်းလွယ်တယ်၊ လူတိုင်းလည်း သဘောကျမယ်လို့ထင်ပါတယ်။ ပထမဆုံး ကိုယ်အသုံးပြုချင်တဲ့ စိတ်ကြိုက် icon လေးကိုရှာပြီး ကိုယ့် Stick ထဲမှာ သိမ်းလိုက်ပါ။ ပုံတွေလိုချင်ရင်တော့ Google မှာ ".ico freedownload" ဆိုပြီး လိုချင်တဲ့ပုံတွေ ရှာရင်ရှာ၊ "convert to ico" လို့ရှာပြီး ကိုယ့်မှာရှိတဲ့ပုံတွေကို "ico format" ပြောင်းပေးမယ်ဆိုက်မှာ သွားပြောင်းပြီး သုံးချင်သုံးပေါ့။ အဓိက ကတော့ "icon" ပုံလေး "Stick" ထဲမှာမှတ်လိုက်ဖို့ပါပဲ။ ပုံသိမ်းပြီးသွားပြီဆိုရင် Autorun ဖိုင်တခုလုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါလည်းလွယ်ပါတယ်။ Memory Stick ထဲမှာ text file လေးတခု တည်ဆောက်လိုက်ပြီး အောက်မှာ ပြထားသလိုရေးလိုက်ပါ။ icon.ico ဆိုတဲ့နေရာမှာတော့ ကိုယ်ကိုတိုင်ရှာပြီးသိမ်းထားတဲ့ ပုံရဲ့နာမည်ကို ပေးရပါ့မယ်။
ပြီးရင် ဖိုင်ကို "Autorun.inf" ဆိုတဲ့ နာမည်နဲ့ မှတ်လိုက်ပါ။ ဒါဆိုရင် ကိုယ့် Stick လေးက ကိုယ့်စိတ်ကြိုက်ပုံလေး မြင်ရဖို့ အဆင်သင့်ဖြစ်သွားပါပြီ။ My Computer ထဲမှာ ဝင်ကြည့်လိုက်ပါ။
အားလုံးပျော်ရွှင်ကြပါစေ။